အပိုင်း(၄၂)-Final (Unicode)

12.9K 926 122
                                    

ကိုရီးယားဟာစစ်ဒဏ်တွေကြားမှနလံထူခါထ။
သုသာန်တစ်စပြင်အလားခြောက်ကပ်ခဲ့သော
နေရာများကား ပြန်လည်းစိမ်းလန်းခြင်း
အငွေ့အသက်အဖြစ် အညွန့်အခက်တွေ
ဖူးစပြုချေပြီ။

ရောင်နီမလာခင်သည် အမှောင်မိုက်ဆုံး
အချိန်ဟုပြောစမှတ်ပြုပါလျှင် အလင်းတစ်စကို
မတွေ့ရသည့်ခဏကလည်း လွန်စွာခြောက်ခြားဖွယ်
ကောင်းလှပါသည်။ ဤအခြေအနေသည်
ကမ်းမမြင်၊လမ်းမမြင်ပင်လယ်ပြင်တွင်
မုန်တိုင်းနှင့်ကြုံနေရသည့်ပမာ။

ထယ်ယောင်း၏မျက်နှာတွင်ထိတ်လန့်ခြင်းက
ခပ်ပြင်းပြင်းရိုက်ခတ်လာခဲ့သည်။အိမ်ရှေ့တွင်
ကိုရီးယားကာကွယ်ရေးတပ်သားဆယ်ယောက်
ခန့်မျှရောက်ရှိနေကြပြီး တံခါးကိုခပ်ကြမ်းကြမ်း
ထုကာ ခေါ်နေလေပြီ။

တံခါးကိုသွားဖွင့်မပေးသေးဘဲ အိမ်နောက်ဖေးတွင်
မျက်နှာသစ်နေသောဂျုံးဂုရှိရာဆီထယ်ယောင်း
ကမြန်းကတန်းအပြေးသွားကာ ဂျုံးဂုလက်မောင်းကို
ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိစဥ် ၊

" တံခါးဖျက်ပြီးဝင်လာရမှာလား
အခုချက်ချင်းလာဖွင့်စမ်း "

ဂျုံးဂုသည်အလွန်စိုးထိတ်နေသောမျက်နှာလေးကို
တစ်ချက်ကြည့်ပြီးနောက် အိမ်ရှေ့သို့သွားကြည့်ရန်
အတွက်ခြေလှမ်းပြင်၏။

" ဟင့်အင်း မသွားနဲ့ "

မိမိလက်မောင်းကိုအတင်းဆွဲခေါ်နေသော
ထယ်ယောင်း၏အပြုအမူလေးကြောင့်
ဂျုံးဂုခေါင်းက သိသိသာသာကိုစောင်းသွားတယ်။

" ဘယ်သူတွေလဲ "

ခြံဝင်းသည်အလျားကျယ်သောကြောင့်
အော်သည်ဆိုရုံလောက်သာဂျုံးဂုကြားလိုက်ရ၍
မေးမိတော့ ထယ်ယောင်းကနှုတ်ခမ်းစေ့ထားသည်။
မဖြေဘူးဟူသောခပ်မာမာအမူအရာလေးနဲ့မတူစွာပင်
တလဲ့လဲ့တောက်ပနေပါသောပုလဲလုံးလေးများ။

" ကိုယ်မေးနေတယ်လေကွာ "

တဒုန်းဒုန်း၊တဒိုင်းဒိုင်းဖျက်ဆီးသံများက
ခြံရှေ့မှရော၊ခြံနောက်မှာရောတစ်ပြိုင်တည်း
ထွက်ပေါ်လာလျက်ရှိသည်။

" မမေးနဲ့ ငါပြောတဲ့အတိုင်းလုပ်။
ငါပြောတဲ့အတိုင်းသာလုပ်စမ်းပါဂျုံးဂုရယ် "

BEYOND THE JOURNEY [Completed]Where stories live. Discover now