အပိုင်း(၃၀)

8.3K 818 65
                                    

(Unicode)

ရေနွေးအိုးကိုထယ်ယောင်းကောက်မလိုက်တော့
ပေါ့ပါးစွာပါလာခဲ့သည်။ ပိုပြီးသေချာသွားအောင်
အဖုံးကိုဆွဲဖွင့်ပြီးကြည့်လိုက်သည့်အခါ အမှန်
တကယ်ပင်ရေနွေးကမရှိတော့ပေ။

" ရုံရုံ ကလေးကိုမြူမနေနဲ့တော့ ။ ရေနွေး
သွားတည်ပေးပါဦး ။ ခဏနေရင်သူဆာတော့မှာ "

" ဂုဂီလေးရေ ကိုကို့ကိုချစ်လား ။ ချစ်ရင်
ပြုံးပြပါဦး "

" အဲ့ အဲ့ "

" ဒါဆိုကိုကိုရေနွေးသွားတည်လိုက်ဦးမယ်နော်
ကောက်ညှင်းထုတ်လေး "

ရုံရုံက သားရဲ့လက်သေးသေးလေးတွေကို ရွှတ်ခနဲ
နမ်းလိုက်ကာ သူ့ဆီမှကြွေရေနွေးအိုးကိုဆွဲယူရင်း
အိမ်ထဲမှရွှင်မြူးစွာထွက်သွားတော့သည်။

ထွက်သွားတာလည်းရေနွေးတည်ခိုင်းလိုက်လို့သာ။
မဟုတ်ရင်တစ်ချိန်လုံးလိုလို သားဘေးမှာပဲ
လာလာဆော့နေတဲ့ကောင်လေး။
တစ်ခါတစ်လေဆိုသူ့ကစားဖော်ကစားဖက်တွေပါ
အိမ်ကိုခေါ်ချလာပြီး ဂုဂီနဲ့မိတ်ဆက်ပေးလိုက်သေး။
ထယ်ယောင်းမှာတိုးတိုးတိတ်တိတ်နဲ့ခေါ်ဆူ
ရသေးသည်။ ကလေးတွေကိုခေါ်ခေါ်မလာဖို့ပေါ့။
မွေးခါစလေးကိုအားကြီးနဲ့နမ်းလိုက်ရှုံ့လိုက်၊
စလိုက်လုပ်ကြတာမို့ သားမှာမျက်နှာကြီး
နီနီလာပြီးအော်ငိုလျှင် သူ့မှာချွေးပြန်လောက်
အောင်ချော့ရသည်မို့ ကလေးတွေကိုမလာစေ
လိုခြင်းသာ။ ရုံရုံကတော့ အကိုင်အတွယ်
နူးညံ့သလို၊လူကြီးလည်းဆန်သည်မို့
စိတ်ချရသည်။

သားဘေးနားမှာ ဘေးတစ်စောင်းလေး
ဝင်လှဲလိုက်ရင်း သူ့လက်ညိုးတစ်ချောင်းကို
သားရဲ့လက်ဖဝါးလေးပေါ်တင်ပေးလိုက်တော့
ဆတ်ခနဲဆုပ်ကိုင်ထားလေသည်။

" နို့နို့ဆာနေပြီလား ဂုဂီလေး "

သားမှာသူ့စကားကိုနားမလည်သော်လည်း မျက်လုံး
ဝိုင်းဝိုင်းလေးများဖြင့် တအဲ့အဲ့လုပ်ရင်းရယ်သည်။
ခြေလက်သေးသေးလေးများကလည်း အိပ်ရာ
ပေါ်မှာ တစ်ဖြောင့်တည်းရှိနေခြင်းမဟုတ်ဘဲ
မိုးပေါ်သို့ထောင်ကာ လှုပ်ရမ်းနေကြသည်။

BEYOND THE JOURNEY [Completed]Where stories live. Discover now