အပိုင်း(၂၄)

7.3K 853 85
                                    

(Unicode)

သခင်ကြီးဟာ အချိန်တိုတိုအတွင်းမှာပဲ
ထယ်ယောင်းနဲ့ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။
အာဏာရှင်၊ အရင်းရှင်တို့မည်သည် မိမိ၏
အကျိုးစီးပွားကိုသာမျှော်မှန်းကြသည့်နည်းတူ
တာကက်ရှီအတွက်လည်း ထယ်ယောင်းသည်
ဝှက်ဖဲလေးတစ်ခုထက်မပိုခဲ့ချေ။

သူ့ကိုထိခိုက်မလာသရွေ့ တာကက်ရှီက
ရေလိုက်၊ငါးလိုက်သာဆက်ဆံသည်။
ဒီလိုအချောအလှလေးနဲ့ ရင်းနှီးရတာ
ဘယ်လောက်ကြည်နူးစရာကောင်းသနည်း။
ဂျုံးဂုကြောင့်သာ တာကက်ရှီက သူ့ဥာဏ်ဆိုးကို
ထိန်းချုပ်ထားခဲ့တာ။

တကယ်ဆို ဒီကောင်လေးက မိမိကြောင့်
အိမ်တော်ကိုစရောက်လာပြီး မိမိနှင့်သာ
သက်ဆိုင်မည့်ကလေး။ ဂျုံးဂုဘက်က
ခါးခါးသီးသီးဖြစ်နေသည်မို့ သတ်ရင်လည်း
သတ်ပစေတော့ဟု လွှတ်ပေးလိုက်ကာမှ
ဂျုံးဂုက ချစ်မြတ်နိုးသတဲ့လား။ အဲ့တာကြောင့်
သူ့ရှေ့မှာတောင် သေအောင်ရိုက်နှက်ပြခဲ့တာလား။
တခြားသူလုယူမှာစိုးလို့ ကိုယ်ချစ်တဲ့သူကို
ရက်စက်ရက်လိုက်ပုံများလေ။

" ကျွန်တော် ထည့်ပေးမယ်လေ "

ဟာရူ့စန်ကပြောသည်။ ဆန်အရက်ခွက်ကို
ထယ်ယောင်းရှေ့သို့ တာကက်ရှီက ထိုးပေး
သောကြောင့်ဖြစ်သည်။ ထယ်ယောင်းက
ခေါင်းလေးငြိမ့်ကာဖြင့် ဆန်အရက်အိုးကို
မြှောက်၍ တာကက်ရှီခွက်ထဲ ငှဲ့ထည့်ပေး
လိုက်လေသည်။ ထိုအခါဆူပုတ်သွားသော
ဟာရူ့စန်က တာကက်ရှီရဲ့ရင်ဘတ်ကို
ဟွန့်ခနဲထုတော့သည်။

" သဝန်တိုမနေပါနဲ့တော့ကွာ "

" တိုမှာပဲ။ ခင်ဗျားကအရမ်းမျက်နှာများတာကိုး "

" သူကပိုင်ရှင်ရှိပြီးသား။ ငါ့သားဂျုံးဂုလေ
သိတယ်မလား "

" ကျွန်တော့်ကိုငြင်းခဲ့တဲ့ ဟိုလူချောကြီးလား "

ဟာရူ့စန်က ထယ်ယောင်းကို နှုတ်ခမ်းလေး
ဆူလျက်ပင်ကြည့်သည်။ ထယ်ယောင်းမှာတော့
နှစ်ဦးသားဘာတွေပြောနေကြမှန်းမသိသောကြောင့်
မျက်လုံးကလေးကိုသာ ဟိုဟိုဒီဒီကြည့်လိုက်၊
ဟာရူ့စန်နှင့်အကြည့်ချင်းဆုံပါလျှင် ရယ်ပြလိုက်
ဖြစ်နေတော့သည်။

BEYOND THE JOURNEY [Completed]Where stories live. Discover now