(Unicode)
ကြာမြူးသောကန်နံဘေးမှာ သူအလာကို
စိတ်ရှည်လက်ရှည် ထိုင်စောင့်နေသော
မိန်းမငယ်ကြောင့် ဂျုံးဂုတစ်ချက်ပြုံးမိတယ်။ချစ်မယ်ဆိုရင်ချစ်ချင်စရာမိန်းကလေးပါပဲ ။
ကိုရီးယား, ဂျပန်သွေးနှောသော အလှကလေးက
မိုးပြာရောင်ခြယ်ထားတဲ့မျက်ခွံလေးကို
ပင့်တင်ရင်း ခေါင်းငြိမ့်ပြလာသည်။အစေခံတို့သည် မှန်မီးအိမ်ကိုထွန်းညှိပေးပြီးနောက်
ခပ်သုတ်သုတ်ထွက်ခွာသွားကြသည်။" ဆာကူရာ "
" ရှင့် "
ထူးလည်းထူးသည်။ ခိခနဲလည်းရယ်သည်။
သိပ်လှကြောင်းကိုအသိအမှတ်ပြုပေမယ့်
တစ်ချက်တောင်လှုပ်ရှားမသွားသောမိမိရင်ကို
ဂျုံးဂုခံပြင်းမိသည်။ ချစ်ချင်စရာမြောင်းတွေ
ဒီလောက်ဖောက်နေပါလျက် တွေ့ဆုံရတိုင်း
သူ့မှာစိတ်ကသိကအောက်နဲ့ ။" ကျွန်မအစ်ကိုကြောင့်လား "
ဂျုံးဂုတွေခနဲဖြစ်သွားသည် ။ ထို့နောက်မှ
မချိပြုံးနဲ့ရယ်ရင်း ခေါင်းခါပြလိုက်သည်။" မဟုတ်ပါဘူး "
" မဟုတ်ရင်ဘာကြောင့်လဲ ။ သူက သဘောမကျ
ဘူးဆိုရင်တောင် ကျွန်မဆုံးဖြတ်ချက်ကို ကန့်ကွက်
မယ့်သူမဟုတ်ဘူး ။ အကယ်၍ ကန့်ကွက်ခဲ့ရင်တောင် ကျွန်မကကြောက်နေမှာမဟုတ်ဘူး ။ ရှင်သာ "" တောင်းပန်ပါတယ် "
ဆာကူရာသည် ပုခုံးလေးတုန်အောင်ပင် စိတ်ပျက်
လက်ပျက်ရယ်သည် ။" ကျွန်မရှက်သင့်နေပြီထင်တယ် "
" ကိုယ်မရည်ရွယ်ပါဘူး "
" ကျွန်မရှင့်ကိုချစ်တယ် ဂျုံးဂု "
" ကိုယ်လည်းမင်းကို ချစ် "
" ကျွန်မချစ်သလိုမျိုးချစ်တာလား "
ဂျုံးဂုမဖြေနိုင်တော့ဘဲ ဆာကူရာ့ကိုသာ
ကြည့်နေမိသည် ။ဆာကူရာသည်ဂျုံးဂုနှင့် အသက်မတိမ်းမယိမ်းမျှသာ။
တာကက်ရှီ၏တစ်ဦးတည်းသော အဖေတူ ,
အမေကွဲ ညီမငယ်ဖြစ်ပြီး တာကက်ရှီကလည်း
အလွန်ချစ်ခင်သည်။ ထူးခြားချက်က တာကက်ရှီနှင့်
ပြတ်သားတာလောက်ပဲတူသည်။ ကြင်နာယုယ
တတ်ပြီးနားလည်ပွင့်လင်းမှု့ရှိသော မိန်းကလေးပင်
ဖြစ်သည်။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant