(Unicode)
နွေအလင်းသည်ကျိုးတိုးကျဲတဲပြုကာ
သစ်ပင်ကြီးများ၏အရွက်များကြားထဲမှ
မြေပြင်ပေါ်သို့ နေရာစိပ်စိပ်ဖြာကျလျက်။
တောတောင်ရေမြေရှိသည်ဟုဆိုသော်ငြား
နေ့ခင်းမွန်းတည့်ချိန်၏အပူရှိန်မှာတော့
မသက်သာလှပေ။ဖီးသင်ထားခဲ့သောဆံပင်များဆီမှ ချွေးစက်တို့က
ဂျုံးဂု၏နားထင်ပေါ်အထိပင်စီးကျလာခဲ့သည်။
ခြံထဲသို့ဝင်ရောက်လိုက်ချင်းချင်းပဲ အပူဓာတ်က
သိသိသာသာလျော့ကျသွားသလိုရှိ၏။သို့သော်ဂျုံးဂုစိတ်တွေကတော့အေးမနေခဲ့။
ထမင်းကိုအိမ်မှာစားလို့ရရဲ့သားနဲ့တစ်ယောက်တည်း
မစားဘဲ အလုပ်သမားအဖွဲ့နဲ့သွားရောစားသည်
ဟူသောသတင်းကို အပြင်ကပြန်ရောက်ရောက်ချင်း
ဂျုံးဂုကြားလိုက်ရသည်။ တစ်ကိုယ်လုံးနွမ်းနယ်
ပင်ပန်းနေတဲ့ကြားထဲကပင် ရေအရင်မချိုးဖြစ်
တော့ဘဲ အိမ်တော်အနောက်ဘက်ရှိ အလုပ်သမား
တန်းလျားထဲသို့ သူဦးတည်လိုက်တော့သည်။လူများလေလေ၊ထိခိုက်မှု့များနိုင်လေလေဖြစ်သည်။
ထို့ကြောင့် ထယ်ယောင်းဘယ်ကိုမှမသွားဖြစ်အောင်
ထယ်ယောင်းဘေးမှာ သူတတ်နိုင်သလောက်
ရှိနေပေးခဲ့တာ။ သူအပြင်ခဏလေးသွားမိသည့်
အချိန်မျိုးကိုတောင် သည်းမခံနိုင်တဲ့အိမ်ပြေးလေး
ကြောင့် ဂျုံးဂုခြေလှမ်းတွေက မြေပြင်ကို
ခပ်ကြမ်းကြမ်းချနင်းမိလျက်သား။ဟေးလားဝါးလားအလုပ်သမားများဆိုလျှင်
ပိုဆိုးသေးသည်။ တစ်ယောက်နဲ့တစ်ယောက်
အရိုက်အပုတ်တွေကမပါမဖြစ်။ စနောက်ရင်းဖြင့်
လွန်လာလျှင် ရန်ပွဲဖြစ်ဖို့က သေချာသလောက်
ရှိသည်။" ငါ့ကိုဘယ်တော့မှကောင်းကောင်းပေးမနေဘူး "
သူ့ရင်ထဲမှာအပူလှိုင်းလေးကတငွေ့ငွေ့။
ထိုဇောနဲ့ပင် အလုပ်သမားများကြားထဲသို့
ဂျုံးဂု မျက်လုံးဝေ့၍ရှာလိုက်တော့ ထမင်း
ပန်းကန်လုံးပေါ် မျက်နှာအပ်မတတ်
ပလုတ်ပလောင်းစားနေတဲ့ ထယ်ယောင်းကို
တွေ့လိုက်ရသည်။ တူကိုနည်းနည်းလေးမှ
အငြိမ်မထားဘဲ ဟင်းကိုညှပ်လိုက်၊ ထမင်းကို
ညှပ်လိုက်ဖြင့် မြိန်ရေရှက်ရေစားလျက်ရှိ၍
လုံးတစ်နေတဲ့ပါးလေးနှစ်ဖက်မှာ အထင်အရှား။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant