(Unicode)
စားပွဲခုံကိုဒုန်းခနဲထုသံကြောင့် ချယ်ရီရိုးတံတို့ပေါ်၌
ခိုနားနေကြသောငှက်တို့မှာ ပျံပြေးသွားကြလေသည်။
နေသည်ခြစ်ခြစ်တောက်ပူနေခဲ့သော်လည်း တာကက်ရှီရင်ထဲမှဒေါသမီးများကိုတော့ မှီပုံမရပေ။သူထင်ထားခဲ့တာ ထယ်ယောင်းက ဂျုံးဂုအပေါ်မှာ
သေချာပေါက်စိတ်ရှိမနေဘူးဟု။ မတတ်သာ၍သာ
အတူပေါင်းသင်းနေရသည်ဟု။ ထို့သို့အထင်
အမြင်တွေမှာ မိမိတစ်ယောက်တည်းတောင်
မဟုတ်ပေ။ ထယ်ယောင်းဘယ်လောက်အထိ
ဂျုံးဂုကို ခပ်တန်းတန်းဆက်ဆံကြောင်း အိမ်တော်ရှိ
ကလေးအစခွေးအဆုံးသိသည်။အဲ့တာကြောင့်လည်း တာကက်ရှီက ထယ်ယောင်းကို
သူ့လူဖြစ်မည်ဟု တထစ်ချတွက်ဆထားခဲ့တာ။
သည်နေ့အဖြစ်အပျက်များကို သူ့မျက်လုံးနဲ့
ကိုယ်တိုင်မမြင်ရခင်အထိပေါ့။" တစ်ကြိတ်တည်း တစ်ဥာဏ်တည်းတွေ "
တာကက်ရှီကြိမ်းဝါးမိသည်။
အစက သူခွင့်လွှတ်လိုက်မည်ဟု စဥ်းစားဖူးသည်။
သို့သော် အသက်ထက်ချစ်ရတဲ့ညီမလေးအား
ထိပါးလာတော့ သူဘာကောင်လဲဆိုတာကို
ပြန်ပြချင်သည်။ ဂျုံးဂုကတော်သည်၊မှန်သည်။
သို့သော် တာကက်ရှီအနေနဲ့ ဆက်လက်မကြည်
ဖြူနိုင်တော့။ မြွေပွေးဟာ ခါးပိုက်ပိုက်ထားလို့
မကောင်းသောအမျိုးဖြစ်သည်။ငကန်းသေရင်၊ ငစွေပေါ်လိမ့်မည်။
ဘယ်သူ့ကိုတော့ လိုအပ်လှချည်ရဲ့ ၊ ဘယ်သူမရှိရင်
မဖြစ်ရချည်ရဲ့ဆိုတာ တာကက်ရှီသမိုင်းမှာမရှိ။
အခုလို တော်လှန်ရေးအားကောင်းလာတဲ့
သမယမျိုးမှာဆို ပိုဆိုးသေးသည်။ တဖြည်းဖြည်းနဲ့
ဂျပန်ကပြန်ဆုတ်နေပြီ။ ခြေကုတ်ယူစရာဆိုလို့
ပစ္စည်းဥစ္စာပဲရှိသည်။ ကိုရီးယားကနေပြန်ခွာ
ရရင်တောင် တာကက်ရှီက ရသလောက်
သပ်ယူမည်ဟုအစီအစဥ်ချထား၏။" ရောက်ပြီလား သန်ဘက်ခါသွားကြတာပေါ့ "
ဂျုံးဂုက ပွဲစားကို ဆီးကြိုကာပြောတယ်။
" မနက်ဖြန်သွားရမှာမဟုတ်ဘူးလား။
ကျွန်တော်များ အတွက်မှားလေသလား "
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant