အပိုင်း (၁၅)

12.4K 1.2K 52
                                    

(Unicode)

" ဂျုံးဂု "

ရုန်းမရသည့်အဆုံး ကုန်းအော်သောထယ်ယောင်း။

" အသံကျယ်သားပဲ ။ ငါနဲ့အိပ်တဲ့အခါ အဲ့လို
  အော်ပေးရင်တကယ်ကျေးဇူးတင်မိမှာ "

ရဲတက်လာတဲ့ပါးပြင်လေးကြောင့် ထယ်ယောင်း
ရှက်သွားပြီဆိုတာ ဂျုံးဂုသိသည်။ ဒေါသသိပ်
မထွက်တော့တာကိုလည်း ရိပ်မိသည်။ ထိုအခါမှ
သူရှင်းပြဖို့ ချောင်းဟန့်လိုက်တယ် ။

" ဆာကူရာက သခင်ကြီးညီမ "

ထယ်ယောင်းက တအံ့တသြဖြစ်သွားပုံပဲ ။
ဘာကိုမှမှတ်မိမနေဘူးဆိုတဲ့အသိကြောင့်
ဂျုံးဂုရင်အေးသွားရသည် ။ မှတ်မိရဲ့သားနဲ့
မမှတ်မိချင်ယောင်ဆောင်ရင်း ထယ်ယောင်း
ပျောက်ကွယ်သွားမှာ သူအလွန်စိုးသည် ။

သူ့ဝိညာဥ်တစ်ထောင့်တစ်နေရာက နတ်ဆိုးကို
ထယ်ယောင်းထပ်မနှိုးဖို့သာလိုသည် ။
ထွက်ပြေးမယ်ဆိုရင် ထိုခြေထောက်တွေကို
ဖြတ်ပစ်ဖို့ အဲ့ဒီနတ်ဆိုးကဝန်လေးနေမှာမဟုတ်ဘူးမို့ ။

ထယ်​ယောင်းအား အမြဲစောင့်ကြည့်ဖို့
အစောင့်တွေမသိမသာလွှတ်ထားပေမယ့်
ပူပန်နေရတုန်းပဲ ။ မရှိတော့ရင်ဆိုတဲ့
အတွေးက သူ့အားညှင်းသတ်နေသလို ,
မုန်းသွားရင်ဆိုတဲ့ရောဂါတို့ကလည်း
တစ်နေ့တစ်ခြား ပိုပိုတိုးလာခဲ့သည် ။

" ဟုတ်လား "

ထယ်ယောင်းကအာရုံပြောင်းသွားသည် ။
ဆာကူရာ့အကြောင်းကိုသာစိတ်ဝင်စားသွားပုံပင် ။

" ဒါပေမဲ့ သူက ငါတို့စကား "

" ပြောတတ်တယ်လေ... သူကသွေးနှော ။
   ငါ့မွေးစားအဖေကပဲ ဂျပန်အစစ် ။ ဒါပေမဲ့
   သူလည်းငါတို့စကားနည်းနည်းပါးပါးတတ်တယ်။
    မပြောတာပဲရှိတာ ။ "

" ဪ "

" ပြီးတော့ မင်းမသိသေးတာရှိတယ် "

" ဘာလဲ "

" ဆာကူရာက ငါ့ကိုကြိတ်ကြွေနေတာ "

ထင်တော့ထင်ပေမဲ့ မျှော်လင့်မထားသောစကား
ဖြစ်သည်။ ဂျုံးဂုက ကော်လံကိုထောင်ကာ
ငါစွံတယ်မလားဟူသော ဂုဏ်တစ်ခွဲသားဖြင့် ။

BEYOND THE JOURNEY [Completed]Where stories live. Discover now