(Unicode)ကျွန်းသားရောင် နက်မှောင်နေတဲ့ အခန်းကျယ်ကြီး
ထဲတွင် အသံတစ်ချက်တစ်ချက်ထွက်ပေါ်လာခဲ့တယ်။
ခပ်သေးသေးအသံမျှင်လှိုင်းဆိုသော်ငြားလည်း
တိတ်ဆိတ်ကျယ်ဝန်းသော အိမ်ကြီးထဲတွင်မို့
ပြတ်သားစွာကြားနေရလေသည် ။ကျွီခနဲသောပြတင်းပေါက်ဖွင့်သံကြောင့် အလင်း
တစ်ချို့က အခန်းထဲဝင်ရောက်လာကြသည် ။
ဂျုံးဂုသည် ဆေးမှင်ရည် တစ်စက်စက်ကျနေသော
စုတ်တံအား လက်ညိုးနှင့်လက်ခလယ်ကြားတွင်
အသာညှပ်ကာ ပြတင်းပေါက်ဘောင်ပေါ်
လက်ထောက်လိုက်သည် ။ထိုအခါ သစ်ပင်၌ချည်ထားသော သဲအိတ်အား
တဖုန်းဖုန်းကန်လိုက် ထိုးလိုက်နဲ့ လေ့ကျင့်နေသော
ဆယ်ဟူကို သူတွေ့လိုက်ရလေသည် ။ဆယ်ဟူက ဂျုံးဂုထက် ၃နှစ်ကျော်လောက်ကြီးသည်။
မွေးစားဖခင်ဖြစ်သူထံကိုတော့ သူ့ထက်နောက်ကျ
ပြီးမှ ရောက်လာသူလည်းဖြစ်သည် ။ ထယ်ယောင်း
နှင့်ဆိုလျှင် အရင်ကတည်းက သိကျွမ်းခဲ့သူဖြစ်လေ
သည် ။ ဂျုံးဂုကတော့ ဒီရောက်မှသာ ဆယ်ဟူအား
တွေ့ဖူးခြင်းဖြစ်သော်လည်း တခြားသူများထက်
စာလျှင်တော့ ဆယ်ဟူနှင့် ပိုပြီးအကျွမ်းတဝင်
ရှိလေသည် ။ဆယ်ဟူက ဂျုံးဂုလောက်မပါးနပ်သည့်အပြင်
ခပ်အေးအေးသာနေတတ်သူဖြစ်သည် ။
စကားပြန်အပြင် ဘာခိုင်းခိုင်းလုပ်ပေးသည် ။
အားတဲ့အခါတွင်တော့ သူဝါသနာပါသော
အတိုက်အခိုက်ပညာရပ်များကို လေ့လာဆည်းပူး
နေလေ့ရှိ၏ ။ဂျုံးဂုကတော့ လက်တိုလက်တောင်းခိုင်းသမျှ
လုပ်ပေးတတ်သည့် ဆယ်ဟူ့ကိုကြည့်ရင်း
နားမလည်နိုင်ဖြစ်ရပါသည် ။လူတွေက သိပ်နုံချာသည် ။ မလိုပါဘူးဟုလက်ကာ
ပြသော ပြဇာတ်တွင်ပင် သူရဲကောင်းဖြစ်ချင်ကြ
သေးသည် ။ အရံသဘောသာသာ အခန်းကဏ္ဍ
မျိုးမှာ ချွေးအထွက်ခံတော့ရော ဘယ်နေရာ
အသိအမှတ်ပြုခံရမှာမို့ ။ကြိုးစားပြတိုင်း အရာမဝင်ဘူးဆိုတာ ဆယ်ဟူ့ကို
သိစေချင်သည် ။ဂျုံးဂုက တစ်ချက်ရယ်ကာဖြင့် ခုံပေါ်ရှိ စီးကရက်ကို
လှမ်းယူရင်း နှုတ်ခမ်းထိပ်တွင် အသာခဲလိုက်တယ် ။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant