အပိုင်း(၂၉)

7.5K 835 95
                                    

(Unicode)

လက်မောင်းအောက်မှာ အနှီးဖြူဖြူလေးနဲ့
လုံးနေအောင် ထုတ်ထားသောသားက မျက်လုံးလေးကို ပေကလပ်ပေကလပ်ခတ်ရင်း
ထယ်ယောင်းမျက်နှာကို တဟဲဟဲနဲ့ပါးစပ်ကလေး
ပြဲရင်းကြည့်နေသည်။ အကြောင်းမှာ ဂျုံးဂုက
သူ့နှာခေါင်းနဲ့ သားရဲ့ခြေဖဝါးလေးများကို
အသည်းယားစွာ ပွတ်တိုက်နေသောကြောင့်ပင်။

" အဲ အဲ့ ဟဲ "

သွားဖုံးလေးတွေပေါ်အောင်ပင်သားက
ထယ်ယောင်းကိုပြုံးပြနေသည်။ လက်သီးဆုပ်
သေးသေးလေးတွေနဲ့ မျက်နှာကိုဟိုပွတ်ဒီသတ်
လုပ်လိုက်၊ ပါးစပ်ကလေးဟရင်းကြည့်လိုက်ဖြင့်
ဖေဖေ့မျက်နှာကိုမှတ်သားနေသလိုပြူးပြဲပြဲ
ရုပ်ကလေးမှာသိပ်ချစ်ဖို့ကောင်းနေတော့သည်။

" ဟဟ အခုတည်းကရယ်တတ်နေပြီကွာ။
ဒါပေမဲ့မကျေနပ်ဘူးနော်။ မင်းကိုရယ်အောင်
လုပ်ပေးနေတာငါလေ။ ဘာလို့မင်းအဖေ
မျက်နှာကိုပဲ တအဲ့အဲ့လုပ်ပြီးကြည့်နေရတာလဲ "

ဂျုံးဂုကသူ့သားကိုအထွန့်တက်သလိုလေး
လှမ်းပြောလျက်။

" မင်းနဲ့ဘာဆိုင်လဲ။ ငါ့သားကငါ့ပဲ
ကြည့်မှာပေါ့ ။ နော် ဖေ့သားဂုဂီလေး "

" အဲ့ အဲ့ "

သားကထောက်ခံသလိုလေးအသံပြုတော့
ဂျုံးဂုမှာသိပ်ကိုဝမ်းနည်းသွားရတော့သည်။

" သားခြေထောက်နားမှာပဲမနေနဲ့လေ။
မင်းကိုကလေးကဘယ်လိုလုပ်မြင်ရမှာလဲ။
လာဒီနားကို "

ခြေသံကိုဖွဖွကလေးပြု၍ သား၏မျက်နှာ
အနားတိုးလာသောဂျုံးဂု။ ထယ်ယောင်းမှာ
သူ့ရင်ဘတ်နားကသားကိုကြည့်လိုက်၊
သားကိုအူတယားယားနဲ့ကြည့်နေသော
ဂျုံးဂုရုပ်ကြီးကိုကြည့်လိုက်ဖြင့် ဝေဒနာ
တွေတောင် မနာတော့ဘူးထင်ရသည်အထိ
စိတ်လွတ်လက်လွတ်ပြုံးမိနေသည်။

သေသေချာချာကြည့်လေ၊ သားက ဂျုံးဂုနဲ့
ပိုတူလေပင်။ မျက်လုံးကြည်ကြည်ဝိုင်းဝိုင်း
လေး၊ နှာခေါင်းလုံးလုံးလေး၊ ဘဲဥပုံစံမျက်နှာ
ကျလှလှလေးနဲ့ တော်တော်များများကို
ဂျုံးဂုဆီမှအမွေရထားသောသား။

ဗိုက်ထဲမှာလပေါင်းများစွာထည့်သယ်ထားရတာက
သူလေ။ လွယ်ထားရတဲ့အနေရခက်မှု့၊
မွေးဖွားရတဲ့နာကျင်မှု့၊ အဲ့တာတွေအားလုံးကို
ခံစားရတာကသူလေ။ ဘယ်လိုဖြစ်လို့ တစ်ခါ
တစ်လေလေးပဲ အားစိုက်ထုတ်ထားတဲ့ကောင်နဲ့
သွားတူနေရတာလဲ။

BEYOND THE JOURNEY [Completed]Where stories live. Discover now