အပိုင်း ( ၁ )

50.2K 2K 208
                                    

(Unicode)

မြေပြင်ဟာ သွေးစက်များကြောင့်
အတန်ငယ်စွတ်စိုထိုင်းမှိုင်းနေတယ်။
ရွက်ခြောက်များသည် လေသုန်သုန်ကြောင့်
ဟိုဒီမြူးလျက် ။ ချယ်ရီတို့က နေအပူရှိန်
ထိ၍ ရိုးတံများသာ ကျန်တော့သည်။

ယမ်းနံ့ရောသည့်လေထုသည်ကား အသက်
ကောင်းစွာရှူရန်ခက်ခဲလွန်းလှပေ၏။

ဗုံးဒဏ်ကြောင့် ပြိုပျက်ခဲ့ရသော တိုက်အို၊
တိုက်ဟောင်းများသည် လက်ညိုးထိုး၍
မလွဲနိုင်အောင်ပင် တည်ရှိသည်။

ဂျပန်တို့၏ကိုလိုနီနယ်ချဲ့မှု့အောက်တွင်
တောင်ကိုရီးယား၏နယ်မြေအသီးသီးတို့က
သားသတ်ကွင်းထဲမှ သိုးသူငယ်လေးများပမာ။
အလူးလူးအလဲလဲဖြင့် နလန်မထူနိုင်ရှာ။

သို့သော် အန္တရာယ်ကင်းလျက်ရှိသေးသည့်
နယ်မြို့လေးတွေကား အများအပြားပင်
ကျန်နေပါသေး၏။

ကျောင်းအုတ်တံတိုင်းပေါ်မှ ခုန်ချလာသော
ကျောင်းသားလေးတစ်ယောက် ။
စတီးထမင်းချိုင့်လေးသည် ခါးကြားတွင်
ချိတ်လျက် ။ သန်မာကျစ်လစ်သော်လည်း
ညစ်စုတ်စုတ်ဟန်ပန်က အနည်းငယ်တော့
အထင်သေးချင်စရာကောင်းလှသည် ။

ကောင်လေးက ခပ်မြင့်မြင့်တွင်ပွင့်ဖူးလျက်ရှိသော
တရုတ်စကားပန်းလေးကို ခုန်ခူးလိုက်သည်။
မြင့်မားသောကိုယ်နေဟန်ထားက ဆယ်ကျော်သက်
လူပျိုပေါက်အရွယ်ထက်ပင် သာလွန်နေသောကြောင့်
အများကြီးအားစိုက်ထုတ်စရာမလိုပေ။

ခပ်ပြုံးပြုံးမျက်နှာလေးကမူ
ရိုးသားသည့်အသွင်ကို အလွန်အကြူးခတ်၍။

သစ်ပင်လေးအကွယ်မှာ သူရပ်စောင့်နေလိုက်တော့
ခဏတောင်မကြာပေ ။ အမြဲနမ်းဖို့မှန်းခဲ့ရသော
ပန်းကလေးကို မြင်လိုက်ရသည်။
နာမည်ကထယ်ယောင်းတဲ့။

ကြိုသိနှင့်နေတာတောင် ရင်ကဆောင့်ခုန်လာပြန်၏။

ပန်းလေးနဲ့ စာရွက်ခေါက်လေးတစ်ခုကိုကိုင်ကာ
ကန့်လန့်ရပ်ချလိုက်တော့ ၊

စူးစူးတောက်နေတဲ့ မျက်ဝန်းလေးတွေကို
သူ လက်ခံလိုက်ရသည်။

BEYOND THE JOURNEY [Completed]Where stories live. Discover now