(Unicode)
ပြိုပျက်နေသောဆေးရုံအမိုးဆီမှ အလင်းရောင်က
ဂျုံးဂုမျက်နှာထက်ဆီ လက်ခနဲ ။ သွေးစတွေ
ခြောက်ကပ်နေတဲ့လက်ဖဝါးဖြင့် စပ်ဖျင်းဖျင်း
မျက်လုံးတွေကိုကာလိုက်ရင်း ဂျုံးဂုထမိသည့်အခါ
ခြေလှမ်းတွေကဒယီးဒယိုင် ။ကူတွဲဖို့ပြင်နေသောတပ်သားနှစ်ယောက်လက်မှ
ဂျုံးဂု ခပ်ဆတ်ဆတ်ရုန်းထွက်ရင်း ဆရာဝန်ရှိရာသို့
လျှောက်သွားသည် ။ အင်္ကျီစကိုဆောင့်ဆွဲပစ်ကာ" အသက်ရှင်တယ်လို့ပဲပြော "
" ဟို အ အ သက် "
" အသက်ရှင်တယ် ။ ပြော "
ခန္ဓာကိုယ်ကငြိမ်နေပေမယ့် ဆရာဝန်မျက်နှာကို
မျက်ဆန်နက်တွေနဲ့စိုက်ကြည့်ရင်း အသက်ရှုတွေ
အရမ်းမြန်နေသည့် ဂျုံးဂုပင်ဖြစ်သည်။" အသက် ရှင် ရှင် ပါ တယ် "
အသံမထွက်ပဲဂျုံးဂုကရယ်သည် ။ ထို့နောက်မှ
စိတ်ပေါ့သွားဟန်ဖြင့် ကောင်းတယ်ဟူသော
အမူအရာနဲ့ ဆရာဝန်ပုခုံးအားပုတ်၏။" ဒါ ဒါပေမယ့် ဆေးရုံမှာအကြာကြီးရှိနေရ
လောက်ရတယ် ။ ပြင်ပဒဏ်ရာတွေအပြင်
သူ့နှလုံးကမငြိမ်ဘူး "" ထားခဲ့မယ် ။ ဘာမှမဖြစ်စေနဲ့ ။ သူတစ်ခုခုဖြစ်ရင်
သေရမှာ မင်းတစ်ယောက်ထဲလို့မထင်နဲ့ "ဂျုံးဂုသည် ဆရာဝန်၏လည်ပင်းအားဆွဲကာ
သူနှင့်အနီးဆုံးဖြစ်အောင်ကပ်ပစ်လိုက်သည် ။
ခါးတစ်နေရာကို အေးစက်စွာလာထောက်သည်က
သေနတ်တစ်လက်ဖြစ်မည်မှန်း ခြိမ်းခြောက်ခံရသော
ဆရာဝန်သိပါ၏။ လူကိုအခုမှမြင်ဖူးပေမယ့်
ဂျုံးဂုနာမည်ကိုတော့ မသိသူအလွန်ရှားလေသည်။
ကြားရသောသတင်းဆိုးများက ကောလဟာလ
မဟုတ်ကြောင်း လက်တွေ့ ကြုံမှပင်ယုံတော့သည်။" ဒီဆရာဝန်ကို အမြဲစောင့်ကြည့်နေ ။ ဘာလိုလို
အကုန်လုပ်ပေးလိုက် ။ တစ်ခုခုဆိုတာနဲ့
ငါ့ကိုပြော ... ကြားလား "တပ်သားအစောင့်နှစ်ယောက်စလုံးက ပြိင်တူ
ခေါင်းငြိမ့်ပြီး ထိုဆရာဝန်အနားမှာပဲ ထပ်ကြပ်မခွာ
လိုက်သွားကြလေသည် ။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant