အပိုင်း(၁၉)

9.6K 985 120
                                    

(Unicode)

လည်သာဖိနပ်ကို ဂျုံးဂုကကျပ်နေအောင်
ချည်ပစ်လိုက်တယ်။ ဘောင်းဘီကိုအသာဟ၍
ရှပ်အင်္ကျီအဖြူပါးပါးကို ခါးကြားထဲသို့
နေရာတကျဖြစ်အောင် ထည့်သည်။
ထို့နောက်အင်္ကျီလက်ကို တံတောင်ဆစ်အထိ
ခေါက်တင်လိုက်စဥ်မှာ ညာလက်ဖျံဖွေးဖွေး
ပေါ်၌ စိမ်းညို့ကြွရွနေကြသော တက်တူးများစွာက
တိတိပပထွက်ပေါ်လာခဲ့တယ်။

ပုခုံးကိုနောက်သို့တွန်းပြီး အကြောဆန့်လိုက်သည့်အခါ
ကျယ်ပြန့်သောကျောပြင်က တိတ်ဆိတ်စွာလှုပ်ရှား
သွားလေသည်။ ကြေးမုံပြင်သည် အမှန်အတိုင်း
ပေါ်တတ်သည်ဆိုပါလျှင် သူ့ရှေ့မှပြုံးယောင်
သန်းနေသောလူမှာတော့ သူမဟုတ်ချေ ။

စိတ်ထဲအထိမဖတ်နိုင်သမျှ ဘယ်လိုပုံရိပ်ကိုမှ
သူအယုံအကြည်ရှိမနေ။ ဒီလောကသည်
ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်ကိုယ်မယုံရသော
လောကဖြစ်သည်။

ဂျုံးဂုသည်လည်း ထိုအထဲမှာပါပေမယ့်
ခေါင်ကိုဖြိုဖို့ဆိုရင် လက်တည့်မှစမ်းရဲသင့်သည်
မလား။ ထို့ကြောင့်လည်း မထိရဲကြခြင်းသာ
ဖြစ်သည်။

မြွေမြွေချင်းခြေမြင်ပြီး ကျားကျားချင်းမို့
ထိပ်မပုတ်သင့်သော အန္တရာယ်တစ်ခုမို့
ဤဘူဆန်သားကိုတော့ဖြင့် အများစုမှာ
လက်ရှောင်ကြလေသည်။

အဲ့ဒီတစ်ချက်တည်းနဲ့ပဲ ဒီနယ်မြေမှာ
ဂျုံးဂုက ပြိုင်စံရှားလင်းယုန်တစ်ကောင်
ဖြစ်နေခြင်းပင် ။

သို့သော် တစ်ခါတစ်လေ ချော်ဝင်တတ်တဲ့
မတော်တဆလေးများလည်းရှိတာမို့
သင်ခန်းစာကတော့ ပေးမှရမည်ဖြစ်သည်။

" ကျစ် အိမ်မှာပဲနေချင်ပါတယ်ဆိုမှ "

ဂျုံးဂုက သေနတ်အားခါးကြားထဲထိုးပြီးနောက်
အပြင်ထွက်ရန်ပြင်လိုက်သည်။

သို့သော် သတိတရနဲ့ နှုတ်ဆက်စရာတစ်ခုကား
သူ့အတွေးထဲအလိုလိုပေါ်လာခဲ့ပါသည်။

အိပ်မောကျနေသော ပါးပြင်နုနုအားထိကိုင်ရန်
လုပ်ပြီးကာမှ လေထဲမှာပဲရပ်တန့်သွားရသည်။
အရာရာကိုဘာမှမချွတ်ယွင်းစေချင်တော့။
ကမ္ဘာကိုပုံမှန်လေး လည်ပတ်စေချင်သည်။

BEYOND THE JOURNEY [Completed]Where stories live. Discover now