အပိုင်း (၁၆)

13.4K 1.2K 176
                                    

(Unicode)

ဆာကူရာသည်မှန်သလင်းခုံပေါ်၌ အရုပ်တစ်ရုပ်
ပမာထိုင်နေခဲ့သည် ။ ညကဂျုံးဂုအခန်းရှေ့က
ဖြတ်လျှောက်မိစဥ် အမှတ်မထင်ကြားလိုက်ရသော
ချော့မြူသံများကြောင့် သူမ၏ဒေါသကဖွဲမီးပမာ ။
သို့သော်ဆာကူရာက တည်တည်ငြိမ်ငြိမ်ပင်။
အိပ်ခန်းထဲမှထွက်လာသောဂျုံးဂုအား
မျက်တောင်မခတ်စတမ်းကြည့်နေသည် ။

ဂျုံးဂုသည် တစ်ရေးမှအိပ်ထားပုံမပေါ် ။
သူမလည်းတစ်ရေးမှအိပ်မရခဲ့၍ မျက်လုံးတွေက
စပ်ဖျင်းဖျင်းပင်ဖြစ်နေပြီ ။ ခြားနားစွာပင်
ဂျုံးဂုကတော့ တက်ကြွစွာနှုတ်ဆက်လာ၏။

" အစောကြီးနိုးနေတာလား "

" အင်း "

စီးကရက်ကိုပါးစပ်၌ခဲရင်း အေးစက်စက်ဖြေလာသော
ဆာကူရာ ။ သူမသည် ပေါင်တံသွယ်သွယ်များ
ပေါ်အောင်ပင်ခြေချိတ်ထိုင်နေပေမယ့် မြူစွယ်
နေသည့်ဟန်တော့မရပေ ။

" ညကကောင်းကောင်းအိပ်ပျော်ရဲ့လားဂျုံးဂု "

" အင်း အိပ်ပျော်ပါတယ် "

ဂျုံးဂုလိမ်နေမှန်းဆာကူရာ တပ်အပ်သိသည် ။
အဘယ့်ကြောင့်ဆိုသော် ဂျုံးဂုလက်ထဲရှိစီးကရက်
တစ်စသည် အငွေ့ပင်ပြယ်လုနေပြီ။
ဂျုံးဂုကမနက်စောစောစီးစီး စီးကရက်သောက်လေ့
မရှိပေ ။ ညအိပ်မပျော်တဲ့အခါမျိုး , အိပ်ဖို့
အခွင့်အရေးမရတဲ့အခါမျိုးတွေမှသာ ပင်ပန်းတာ
ပြေအောင်သောက်တတ်သောသူမျိုးဖြစ်သည်။

ဆာကူရာကတော့ ဂျုံးဂုစီးကရက်သောက်တာကို
သဘောကျပြီး လိုက်သောက်ခြင်းဖြစ်သည် ။
သူမက မကောင်းတာတွေကိုတားမြစ်မည့်အစား
အတူလိုက်လုပ်ပေးမည့် မိန်းမမျိုးပင် ။

အေးစက်နေသောလက်ဖက်ရည်တစ်ခွက်က
ဆာကူရာရှေ့တွင်ရှိနေသည် ။ သူမ,စခန်းကို
ရောက်လာတာ ဆယ်ဟူ့ကိုဖိအားပေးဖို့အတွက်ပင်။
သူမ,ရှိနေလျှင် ဆယ်ဟူအတွက်အထောက်အကူ
ပိုရနိုင်သည် ။ ဆာကူရာက အချိန်ဆွဲနေလေ့
မရှိသောလူမျိုးဖြစ်သည် ။ သူမကို ဒီလိုလာပြုမှု
လျှင်လည်း မကြိုက်ပေ ။ ဆယ်ဟူက သူရဲဘော
ကြောင်လွန်းသည်ဟု ဆာကူရာထင်သည်။
သူမသာဆယ်ဟူ့နေရာမှာဆိုလျှင် ချစ်ရသူကို
ပိုင်ဆိုင်ဖို့အရေး နှောင့်နှေးနေမည်မဟုတ်ချေ ။

BEYOND THE JOURNEY [Completed]Where stories live. Discover now