အပိုင်း(၃၃)

9.8K 750 99
                                    

(Unicode)

နွေပူပူညမှာ ကြိုးစားပမ်းစားရုန်းကန်ထားရသည်မို့
ဂျုံးဂု၏အင်္ကျီတစ်ထည်လုံး၌ ချွေးတွေကရွှဲနင့်
နေခဲ့သည်။ ချွေးထွက်လွယ်ပြီးအပူမကြိုက်သော်ငြား
နဂိုတည်းက ကျန်းမာကြံ့ခိုင်သောယောကျာ်း
တစ်ယောက်ဖြစ်သောကြောင့်ဂျုံးဂု၏အားအင်များမှာ
အပြည့်အဝကိုကျန်နေပါသေး၏။

" ကျစ် ပူလိုက်တာ "

အိမ်အတွင်းကသိပ်အိုက်သည်ဟုဂျုံးဂုထင်သည်။
ပြတင်းပေါက်ဘက်ကိုတစ်ချက်လှမ်းကြည့်ပြီးနောက်
အင်္ကျီကိုဆွဲချွတ်ကာ ကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်သည်။
သူ့ကြည့်ရတာအလျင်လိုလွန်းပြီး နည်းနည်းလည်း
လန့်စရာကောင်းနေသည်။

ချွေးစက်တွေတွဲလွဲခိုနေတဲ့ဂျုံးဂုရဲ့ရင်အုပ်ကြီးကို
ထယ်ယောင်းကလက်သည်းလေးကိုက်ပြီး
ကြည့်နေသည်။ ထယ်ယောင်းပုံစံလေးက
အိပ်ရာပေါ်ပုံ့ပုံ့လေးကွေးကာ အနည်းငယ်
တုန်ရီနေတုန်းဖြစ်ပြီး မွေးခါစငှက်ပေါက်
ကလေးများလို တစ်ကိုယ်လုံးနီရဲကာ
အိပဲ့အိပဲ့ကလေးလှုပ်နေတော့သည်။

ထယ်ယောင်း၏ခန္ဓာကိုယ်အောက်ပိုင်းက
အဝတ်ကင်းမဲ့နေပေမယ့် ဂျုံးဂု၏ရှပ်အညိုရောင်
ဖျော့ဖျော့လေးကို ဝတ်ဆင်ထားသည်မို့ တင်ပါး
အထိဖုံးနေပြီး ပေါင်တံသွယ်သွယ်လေးများကိုသာ
မြင်ရလေသည်။

ဂျုံးဂု၏အင်္ကျီများကိုထယ်ယောင်းယူဝတ်နေသည်မှာ
ကိုယ်ဝန်ရှိစကတည်းကဖြစ်သည်။ ဗိုက်ကသိပ်မထွက်
ပေမယ့် ကိုယ့်အင်္ကျီနဲ့ကိုယ်ဆိုရင် အနေခက်သလို
ခံစားရသည်။ လူကနည်းနည်းလေးလည်းပြည့်လာ
သည်မို့ ဂျုံးဂု၏အင်္ကျီများကိုသာ ယူယူဝတ်မိ
နေတော့သည်။ ဂျုံးဂုကမေးလည်းမမေးသလို
ဘာမှလည်းမပြောဘဲ အကုန်ခွင့်ပြုထားတော့
ဗီရိုတစ်ခုလုံးကသူ့အပိုင်လိုပင်ဖြစ်နေပြီ။

ပြီးဆုံးသွားသောပထမခရီးလေးမှာတင်အင်္ကျီကို
ဆွဲချပြီးတစ်ကိုယ်လုံးကိုလုံနေအောင်ကွေးရှာသော
ထယ်ယောင်းနဲ့ ဇစ်ပြုတ်နေသောဘောင်းဘီ
တစ်ထည်သာခါးမှာရှိတော့သော ဂျုံးဂု။
သူတို့နှစ်ယောက်ပေါင်းပါက အဝတ်အစား
တစ်စုံစာမျှတော့ ရဦးမည်ဖြစ်သည်။

BEYOND THE JOURNEY [Completed]Where stories live. Discover now