အပိုင်း(၄၁)

6.2K 689 72
                                    

(Unicode)

အိမ်ရှေ့၌ ကလေးအုပ်စုသောင်းကျန်းနေလျက်
ရှိကြသည်။ မီဟိုသမီးဆောလေးရဲ့ ၃နှစ်ပြည့်
မွေးနေ့မို့ မွေးနေ့ရှင်အိမ်ရှိရာသို့ လာရောက်
စားသောက်ပျော်ပါးနေကြသော်လည်း မည်သည့်
ကလေးတွင်မှ မွေးနေ့လက်ဆောင်ကြီးကြီးမားမား
မပါရှိဘဲ မပီ့တပီဆုတောင်းသံလေးများကိုသာ
ကြားရမည်ဖြစ်သည်။

" အိမ်ရှေ့ကိုသာသွားစမ်းပါ။တော်ကြာ မင်း,သား
ရန်ဖြစ်နေမှ "

" ငါ့သားကိုဆိုးတယ်လို့အခုပြောလိုက်တာလား "

" အင်း "

ပါးစပ်မဖွင့်သောအင်းကလေးဖြင့်ထယ်ယောင်း
ခေါင်းပါငြိမ့်ပြလိုက်တော့ ဂုဂီရဲ့ရှေ့နေထံမှ
ကာဆီးကာဆီးအသံကထွက်လာတယ်။

" ဒါဆိုးတယ်လို့ခေါ်မလား။ကလေးချင်းရန်ဖြစ်
တာပဲ ဖြစ်ပစေပေါ့။ သားကမဟုတ်မခံစိတ်ရှိတာ။
ဆိုးတယ်လို့မပြောနဲ့။ငါမကြိုက်ဘူး "

" အလိုလိုက်တာနေရာတကာမကောင်းဘူးနော်။
အလိုလိုက်ချင်လည်းငါ့ကိုပဲလိုက်။သားကိုတော့
မလိုက်နဲ့ "

" ကလေးနဲ့ပြိုင်ပြီးငါချစ်တာခံချင်နေတာ
သိသာလိုက်တာ "

ပန်းကန်ဆေးထားသောဆပ်ပြာရည်ဖြင့်
ထယ်ယောင်းလှမ်းပက်မိတော့သည်။
အရှောင်ကောင်းသည်မို့ ဂျုံးဂုမှာ
ရေတစ်စက်တောင်စိုမသွား။

" ဟေး ပက်ဦးလေ "

ခပ်ဝေးဝေးကနေ လှမ်းစနေပြန်သည်။

" ဒီတစ်ခါပက်လို့မှမစိုရင်လာဖက်နမ်းမှာနော် "

" လာလေ လာဖက်နမ်းလှည့် လာ လာ "

ထယ်ယောင်းသည် လာနမ်းစေရန်ပါးကိုထိုးပေး၏။
သူ့လက်တစ်ဖက်တွင်တော့ ဆပ်ပြာရေအပြည့်
ထည့်ထားသော ခွက်ကိုကျစ်ကျစ်ပါအောင်
ကိုင်ထားလေသည်။

လူလည်ကြီးသားသမီးဂျုံးဂုမှာ ခါးထောက်လျက်ပင်
အင်တင်တင်လုပ်နေခဲ့ပြီး အနားသို့ကပ်လာခြင်း
မရှိပေ။

" ငါဆေးမယ်လေ မင်းဂုဂီကိုသွားကြည့်လိုက် "

" လာမရှုပ်စမ်းပါနဲ့ မင်းသွားကြည့်ပါလားဂျုံးဂုရာ "

BEYOND THE JOURNEY [Completed]Where stories live. Discover now