အပိုင်း (၁၃)

11.5K 1.2K 97
                                    

(Unicode)

ညကြီးမိုးချုပ်မှမထောက် , ဟင်းအမယ်စုံစွာ
ချက်ခိုင်းသောဂျုံးဂုကြောင့် စခန်းတစ်ခုလုံး
အလုပ်ရှုပ်ကုန်တော့သည် ။  အိမ်ပေါ်တက်လိုက် ,
အိမ်အောက်ဆင်းလိုက် , ခြံပြင်ထွက်သွားလိုက် ,
ခဏနေစားဖွယ်ရာမျိုးစုံနဲ့ ပြန်ရောက်လာလိုက်နဲ့
အလွန်တက်ကြွနေသောဂျုံးဂု ။ တပ်သားတွေရော,
ခဏတာအလုပ်လာလုပ်ကြသည့် အရပ်သားတွေရော
ဂျုံးဂုပုံကြောင့်တီးတိုးတီးတိုးဖြစ်နေကြလေသည် ။

" ဘာဖြစ်နေတာလဲ သူ "

" မသိဘူး သတင်းရတာတော့ ရေတံခွန်တောင်ကို
  သွားတယ်တဲ့ ။ မဟုတ်မှလွဲရော တောင်စောင့်နတ်
  တွေများပြုစားလိုက်ပြီလား "

" ကြည့် ကြည့် အဲ့လောက်ပျော်တဲ့ပုံတစ်ခါမှ
   မမြင်ဖူးဘူး ။ တစ်ခုခုတော့တစ်ခုခုပဲ "

လေတချွန်ချွန်နဲ့ ဆံပင်သပ်ရင်း အိမ်ထဲ
ဝင်သွားသောဂျုံးဂုအား မေးငေါ့၍စူးစမ်း
နေကြလေရဲ့ ။

အပြင်ဘက်တွင်တော့ စန္ဒာလသည် ထိန်ထိန်သာရင်း
ရှု့မငြီးနိုင်သောအလင်းများဖြင့် ဝင်းပလျက်ရှိချေ၏။

" ဘယ်သူတွေလာမှာမို့လို့လဲ "

များပြားလှစွာသော ဟင်းခွက်တို့ကို ထယ်ယောင်း
တအံ့တသြကြည့်ရင်းမေးမိသည် ။

" မင်းစားဖို့လေ "

ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားပါပဲ ။
ဟင်းတစ်ခုစားဖို့အရေး နံပါတ်စဥ်တပ်ပြီး
မှတ်ရမလိုပင်ဖြစ်နေသည်မို့ ဂျုံးဂုကို
ပြူးတူးတူးနဲ့ငုံ့ကြည့်နေမိသည် ။

" အများကြီးပဲ  ။ ဒီလောက်အများကြီးကို
  ငါတစ်ယောက်တည်းဘယ်လိုကုန်မှာလဲ
  နှမြောစရာကြီး "

ဂျုံးဂုသည် ကပ်စီးနည်းတတ်ရန်ကောဟူသည့်
အပြုံးကြီးနဲ့ထယ်ယောင်းအားကြည့်ပြီးနောက် ,

" တစ်ယောက်တည်းမဟုတ်ဘူးလေ ။
   မင်းရယ် , ဒီဟာလေးရယ်လေ "

ထိုင်နေလျက်မှပင် ထယ်ယောင်းဗိုက်ကို
ဖွဖွကလေးမှဖွဖွကလေးပုတ်၍ ဖြေသည့်ဂျုံးဂု။
ပြုံးဖြီးနေသောမျက်နှာကြီးက အပြင်မှာသာသော
လမင်းကြီးထက်ပင် လင်းနေသယောင် ။

BEYOND THE JOURNEY [Completed]Where stories live. Discover now