(Unicode)
ညချမ်းကသာသာယာယာရှိလှသည်။
မအေးလွန်း၊မပူလွန်းသောအခါသမယ၌
အိမ်အပြင်ဘက်တွင်စကားလက်ဆုံကျ
ကောင်းနေသောမိသားစုသုံးစု။ထယ်ယောင်း၊မီဟို၊ခေါင်းရင်းအိမ်ကမီဟိုရဲ့
အသိဦးလေးကြီး၊ ထိုမိသားစုသုံးစုတို့က
ရောက်တတ်ရာရာများကိုစကားလက်စုံဖွဲ့ကောင်း
နေကြသည်။ ထိုစကားဝိုင်းကိုဦးဆောင်နေသူမှာ
ခေါင်းရင်းအိမ်ကဦးလေးကြီးချန်းဆော့။" ဒါဆိုနှစ်ယောက်စလုံးက "
" ဦးလေးကလည်း မျက်လုံးကြီးကျွတ်ထွက်
သွားပါဦးမယ်။ဖြည်းဖြည်းအံ့သြပါဦး "မီဟိုသတိပေးတော့မှ အဖန်ရေနွေးကြမ်းကို
ကောက်မော့ဖို့သတိရသည်။ မျက်တောင်ပင်
မခတ်တော့ဘဲ မီဟိုရှင်းပြသောအကြောင်းအရာ
များကိုသာ ဉာဏ်မှီသလောက်စဥ်းစားနေမိသည်။ယောကျာ်းလေးနှစ်ယောက်ကအတူပေါင်းသင်း
နေထိုင်ကြသည်။ အံ့သြမိသော်လည်း ဒါက
ကိစ္စအကြီးအကျယ်တော့မဟုတ်။ သူ့ကို
မျက်လုံးပြူးစေတာက ကလေးပါမွေးထားသည်
ဆိုသောအချက်။သူဆိုရင် အခုထိလူပျိုကြီးဖြစ်သည်။
မိန်းမတောင်မရသေးတဲ့ကြားကနေ ယောကျာ်း
အချင်းချင်းယူထားပြီး ကလေးလေးပါ
မွေးထားသောစုံတွဲရှေ့တွင် ထိုင်နေရတာကိုက
အားငယ်ဖို့ကောင်းလှပြီမဟုတ်လား။" ဟုတ်ပါတယ်။ ကျွန်တော်တို့ကအဲ့ဒီလိုပတ်သတ်
မှု့မျိုးပါ။ ထယ်ယောင်းကသားကိုမွေးထားတယ်
ဆိုတာလည်းအမှန်ပါပဲ။ ထူးဆန်းကောင်းထူးဆန်း
နေမှာမှန်ပေမယ့်မလိမ်ပါဘူး။ သားကလည်း
ကျွန်တော်တို့အချင်းချင်း "ဂျုံးဂုသည်စကားကိုခဏဖြတ်ကာ ထယ်ယောင်း
အဆင်ပြေ၊မပြေကြည့်၏။ လည်ပင်းလေးကို
ပွတ်ကာမျက်လုံးလွှဲသွားသောထယ်ယောင်းကြောင့်
ဂျုံးဂုကသူ့အသံကိုပုံမှန်ထက်ပို၍တိုးလိုက်သည်။" သားကလည်း ကျွန်တော်တို့အချင်းချင်း
မေတ္တာကြောင့်ချည်မိသွားတဲ့ကြိုးလေးတစ်ခုပါပဲ "တိုးတိတ်သော်လည်းစိမ့်ဝင်သွားသော လေပြည်ညှင်း
သွဲ့သွဲ့ပမာစကားများက ပန်းနွယ်အစုံကိုယိမ်းခါ
မသွားစေပေမယ့် တစ်ယောက်သောသူရဲ့
နှလုံးသားတစ်စုံကိုတော့ ဖရိုဖရဲကလေး
ချန်ရစ်ခဲ့လေသည်။ ထယ်ယောင်းသည်
လက်ကလေးအချင်းချင်းယှက်ကာ ပြုံးရိပ်
သန်းနေသောမျက်နှာလေးဖြင့်ဂျုံးဂုကို
မြတ်မြတ်နိုးနိုးကြည့်၏။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant