အပိုင်း(၃၈)

7.6K 748 98
                                    

(Unicode)

ထယ်ယောင်းသည်နွမ်းလျစွာအိပ်မောကျသွားစဥ်
အိပ်မက်လှလှလေးတစ်ခုကိုမြင်မက်ခဲ့၏။

ထိုအိပ်မက်ကလေးထဲတွင် ဂျုံးဂုကသားကို
ဂုတ်ပေါ်ပိုးထားပြီး သူ့လက်ကိုဆွဲလျက်
လမ်းလျှောက်နေခဲ့သည်။ သူတို့သုံးဦးစလုံး၏
ရယ်သံလွင်လွင်တွေမှာ သောကများကင်းစင်နေခဲ့ပြီး
သားရဲ့လက်ထဲ၌မြက်ပင်ရိုင်းများနှင့်ပန်းရိုင်းကလေး
များရှိနေခဲ့သည်။

သားက ဂျုံးဂုရဲ့ခေါင်းကိုလက်ကလေးနဲ့ဝိုက်၍
ဖက်ထားရင်း ဂျုံးဂု၏မျက်လုံးတို့ကိုပန်းကလေး
များဖြင့် ရိုက်ကာကျီစယ်နေခဲ့ပြီး ဂျုံးဂုကလည်း
မျက်လုံးကြီးကိုမှိတ်ကာတဟားဟားရယ်နေ
ခဲ့လေသည်။

သူတို့နှစ်ဦး၏လက်အချင်းချင်းမှာတော့
ရစ်ပတ်ဆုပ်ကိုင်ထားခဲ့သည်။ ထိုထိစပ်မှု့
လေးကပင် လုံခြုံနွေးထွေးခြင်းတို့ကို
သူ့ခန္ဓာကိုယ်အထက် ကွန်ရက်လေးပမာ
အုပ်ဆောင်းပေးထားသည့်နှယ်။

ပူပူလောင်လောင် သူ့ဘဝကန္တာရကြီးကိုစိုပြေစေခဲ့တဲ့
အိုအေစစ်ကလေးလို လူသားနှစ်ယောက်နဲ့အတူရှိပြီး
ရယ်မောပျော်ရွှင်နေရသောအိပ်မက်ကလေးမှာ
နှစ်လိုချစ်ခင်ဖွယ်လွန်စွာကောင်းလှပါ၏။

" အစ်ကိုထယ်ယောင်း အစ်ကိုထယ်ယောင်း "

ခပ်ကြိတ်ကြိတ်နှိုးသံကြောင့် ထယ်ယောင်း
ဆတ်ခနဲလန့်နိုးသွားရသည်။ မီဟိုသည်
သူ့ပုခုံးကိုလှုပ်ရမ်းနေပြီး အမူအရာက
လွန်စွာပျက်ယွင်းလျက်။

" ဟင် ဘာဖြစ်လို့လဲ မီဟို "

" မီဟိုတို့ပုန်းရမယ်အစ်ကို "

သူ့ဘေးနားတွင်လည်းဂျုံးဂုမရှိတော့ချေ။
စိတ်ကထိတ်ခနဲဖြစ်သွားရပြီး အိမ်အပေါက်ဝ
ဆီသို့ အကြည့်ကချက်ချင်းရောက်သွားသည်။

" သားကိုခေါ်ခဲ့ထယ်ယောင်း မြန်မြန် "

ဂျုံးဂုက မီဟိုရဲ့သမီးလေးကိုချီထားပြီး ရုံရုံကလည်း
ဂျုံးဂုဘေးနားမှာ အထိတ်တလန့်မျက်နှာလေးနှင့်
ရှိသည်။ ထယ်ယောင်းဘာမှမေးမြန်းမနေနိုင်
တော့ဘဲ သားကိုကောက်ပွေ့ကာသာ ဂျုံးဂု
ခေါ်ရာနောက် သုတ်ခနဲနေအောင်အပြေးလေး
လှမ်းမိတော့သည်။

BEYOND THE JOURNEY [Completed]Donde viven las historias. Descúbrelo ahora