(Unicode)
ရေကန်သာဟာ ပကတိကြည်လင်အေးမြလို့နေတယ် ။
ထိုရေကန်ဘက်ကို မျက်နှာမူထားတဲ့
ယောကျာ်းတစ်ဦး၏ပုံပန်းသွင်ပြင်ကတော့
ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည် ။နှုတ်ခမ်းစွန်းကိုတွန့်ကွေးထားပုံက
ကျောချမ်းဖွယ်ရာကောင်းလှသည် ။သေချာဖီးသင်ထားခဲ့သော ဆံပင်နက်နက်တို့က
နေရောင်အောက်တွင် ရွှန်းစိုတောက်ပလျက် ။
ကြည်လင်ဖွေးမြသောအသားအရေနှင့်
နှာခေါင်းချွန်မြင့်မြင့်တို့သည် ယောကျာ်းတစ်ဦး၏
ကြင်အင်လက္ခဏာများအား အနုစိပ်စွာခန့်ညား
စေသည် ။ခဏတာ အမြင်မှောက်မှားသွားနိုင်သော်လည်း
ထိုလူဟာ ဘယ်မုဆိုးမှ မထိရဲသောကျား ။
မာယာသိပ်များသည် ။" ငါ့စခန်းကိုဝင်မွှေပြီး ငါ့ပစ္စည်းတွေယူသွားတဲ့လူကို
ရှာလို့မတွေ့ရင် မင်းကိုသတ်ပစ်မယ် "ဂျပန်စစ်ဗိုလ်ဟာ ဖိနပ်သံကိုကြမ်းကြမ်းနင်း၍
ကြာကန်ရှေ့တွင်မတ်တပ်ရပ်နေသောဂျုံးဂုထံ
လျှောက်လာရင်း ဆိုတယ်။" ရှာတွေ့ရင်ရော "
ရေကန်ဘက်ကို မျက်နှာမူထားတဲ့ ခပ်အေးအေး
အပြုံးပိုင်ရှင်က ခနိုးခနဲ့လှည့်ကြည့်လာခဲ့သည် ။" ရှာတွေ့ရင်ရော ဘာပေးမလဲ ? "
ဆံပင်တွေအား ဖွဖွသပ်ချရင်း ပြောတော့ ....
" တွေ့အောင်သာ ရှာလာခဲ့ ....မင်းလိုချင်တာ
အကုန်ပေးမယ် "" အဖေ့အာဏာ "
ဂျုံးဂုပါးတစ်ဖက်လည်ထွက်သွားခဲ့သော်လည်း
အပြုံးကားမပျက် ။ သေရမယ်ဆိုရင်တောင်
ဖက်တွယ်စရာမရှိသူမို့ သူ့ထံ၌အကြောက်တရား
ကင်းပါ၏။ဂျုံးဂုသည် မွေးစားဖခင်ကို စိမ်းစိမ်းစားစား
စိုက်ကြည့်ကာ တံတွေးအားဘေးသို့
လှည့်ထွေးရင်းရယ်သည် ။" ကောင်းပြီ ငါသဘောတူတယ် "
" ဘယ်နေ့လာဦးမှာလဲ "
" နောက်တစ်ပတ် "
" ကြာလွန်းတယ် နောက်သုံးရက်နေရင်
ပြန်လာခဲ့ အဖေလိုချင်တာကိုတွေ့စေရမယ် "
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant