အပိုင်း(၃၁)

8.3K 781 108
                                    


(Unicode)

ခါးပတ်ကိုဂျုံးဂုဖျောက်ခနဲဖြုတ်လိုက်သည်။
တစ်ဆက်တည်းမှာပင် ကုတ်ကိုဆွဲချွတ်ရင်း
နှစ်ခုစလုံးအား သူ့နေရာနဲ့သူထား၏။

အံဆွဲဖွင့်သံ၊အင်္ကျီချွတ်သံနှင့် ဖိနပ်သံတို့က
တိုးညှင်းသော်လည်း တိတ်ဆိတ်သောပတ်ဝန်း
ကျင်တွင်တော့ အနည်းငယ်ကျယ်လောင်သလို
ဖြစ်နေလေသည်။ အေးမြသောလေကမူ
ပြတင်းပေါက်များမှတစ်ဆင့် အိမ်ထဲတွင်
ကူးလူးလျက်။

တစ်ခါတစ်ရံသစ်ရွက်ခြောက်ကလေးများသည်ပင်
အိမ်ထဲအထိဝေ့ခနဲဝင်ရောက်လာကြသေးသည်။

နွေသည် နေ့ခင်းဘက်ဆိုချွေးဒီးဒီးကျအောင်
ပူသော်ငြား ညချမ်းအချိန်တွင်တော့ အေးစက်စက်
ကလေးဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနိုင်လှသည်။

တီရှပ်အဖြူကိုခေါင်းကနေဂျုံးဂုစွပ်ချလိုက်သည်။
ကျစ်လစ်သောခန္ဓာကိုယ်အထက်တွင် ချပ်ချပ်
ရပ်ရပ်ဖြင့် နေရာယူထားသည့်အင်္ကျီမှာ
ဂျုံးဂု၏သန်မာကြံ့ခိုင်သောခန္ဓာကိုယ်
ဖွဲ့စည်းပုံကိုတော့အပြည့်အဝဖုံးကွယ်မထား
နိုင်ချေ။ လက်မောင်းရှိကြွက်သားထုတို့မှာ
အင်္ကျီလက်နဲ့အညီ တင်းရင်းကျစ်လျစ်နေပြီး
ဖျတ်လတ်မာကျောသောရင်အုပ်ကျယ်တို့မှာလည်း
ခေါင်းနဲ့ပြေးတိုက်လျှင်တောင် တုန်လှုပ်ခြင်း
ကင်းသောတံတိုင်းတစ်ခုပမာ။

ငယ်ရွယ်သည့်ဂုဏ် ၊ ရင့်ကျက်သည့်ဂုဏ်၊
ကျန်းမာဖျတ်လတ်သည့်ယောကျာ်း ၊
ယုံကြည်ချက်ပြည့်ဝသောမျက်နှာထား၊
သြဇာသံပါသောစကားပြတ်ပြတ် ၊
ဂျုံးဂုသည် ထိုကြင်အင်တို့ဖြင့်ပြည့်စုံလွန်းပြီး
ယောကျာ်းအချင်းချင်းကပင် အားကျယူရသော၊
အမျိုးသမီးတို့အတွက်တော့ ခုန်ဆင်းချင်စရာ
ကောင်းသောမီးပင်လယ်တစ်ခုဖြစ်သည်။

သို့သော် သူ့စိတ်နှလုံးတည်ရာသည်ကား
သူ့အား ပစ်ပစ်ခါခါစိမ်းကားဖူးတဲ့အချစ်ဦးလေး
ဆီမှာသာ။ သူသည်စိတ်ဓာတ်ခိုင်မာသော်လည်း
ချစ်ရသူ၏အမုန်းတရားတွေကိုတော့ လျစ်လျူ
ရှူ့နိုင်စွမ်းမရှိအောင်ကိုကြောက်သည်။
အမုန်းပေးရင်အမုန်းရမယ်ဆိုကာ မှန်လိုပြုမူခဲ့ပြီး
ထိုအနိုင်ကျင့်ခြင်းတွေက သူ့စိတ်ကိုသူပြန်ကျေနပ်
စေသည်ဟုလည်း ထင်မှတ်မှားခဲ့ဖူးသည်။
ကမ္ဘာမကြေမယ့်အမုန်းတွေကို သူကိုယ်တိုင်
ပျိုးခဲ့သော်လည်း ထိုမီးတွေကသူ့နှလုံးသားကိုပါ
ခြစ်ခြစ်ပူအောင် တောက်လောင်စေခဲ့သည်။

BEYOND THE JOURNEY [Completed]Where stories live. Discover now