(Unicode)
နေဝင်ရီတရော၌ ဖြည်းဖြည်းမှန်မှန်
နီးကပ်လာသောအရိပ်ကလေး။
ထိုပုံရိပ်ကလေးကို အိမ်ရှေ့တွင်ဆောင့်ကြောင့်
ထိုင်ကာကြည့်နေသောဂျုံးဂု။ သူ၏အံများမှာ
တကြိတ်ကြိတ်၊သူ၏လက်ဆစ်များမှာတဖျစ်ဖျစ်။တစ်ခုခုကိုအစာမကြေသည့်နှယ်။
စိတ်မသက်မသာဖြစ်နေသည့်သဖွယ်။ရေပုံးကိုဆွဲပြီးဝင်လာသောထယ်ယောင်းမှာ
ဂျုံးဂုကိုချက်ချင်းသတိမထားမိခဲ့ပေ။
ရေပုံးထဲတွင် ရေညှစ်ပြီးခါစအဝတ်အထည်များက
ပြည့်သိပ်စွာရှိပြီး ထိုအလေးချိန်ကြောင့်ပင်
ထယ်ယောင်း၏ခါးလေးက ရေပုံးရှိရာဘက်ခြမ်းသို့
စောင်းနေတော့သည်။ဘောင်းဘီ၌လည်း ရေတွေကစိုရွှဲနေသောကြောင့်
လမ်းလျှောက်ရာတွင် တုပ်တုပ်သွားတတ်သေးပြီး
ထိုဘောင်းဘီအစလေးကို ဆွဲခွာလိုက်၊ ရေပုံးလေးကို
ဆွဲမလိုက်ဖြင့် အိမ်ထဲသို့ဝင်ရောက်လာခဲ့လေသည်။" အမယ်လေး လန့်လိုက်တာ "
အိမ်ပေါ်တက်ခါနီးမှ ဂျုံးဂုကိုဘွားခနဲတွေ့လိုက်ရ
သောကြောင့် ရင်ဘတ်ကလေးကိုလက်နဲ့ဖိရင်း
ရေပုံးကိုပါထယ်ယောင်းလွှတ်ချမိတော့သည်။" ဂျုံးဂုရာ ဟူး..... "
သရဲမဟုတ်လို့တော်သေးတယ်ဟူသော
မျက်စောင်းခဲခဲလေးဖြင့် သက်ပြင်းကိုဟူးခနဲ
မှုတ်လိုက်တဲ့ ဂုဂီအဖေကိုကပ်စေးနှဲကိုကြည့်ရင်း
ဂျုံးဂုမှာစိတ်ရှိသရွေ့ ဆူပူပစ်လိုက်ချင်သည်။ရေသယ်ပေးတဲ့ကောင်လေးတွေရှိရဲ့သားနဲ့၊
အိမ်ကိုရေသယ်မခိုင်းဘဲ ချောင်းနားမှာပဲ
သူကိုယ်တိုင်အဝတ်သွားသွားလျှော်သတဲ့။
အဲ့ဒီနေမထိလေမထိသူဌေးသားလေးကလေ။
ပိုက်ဆံပေးရမှာစိုးလို့တဲ့ ကဲ ဘယ်လောက်အထိ
လက်ပေါက်ကပ်လိုက်သလဲ။အဲ့ဒီကိစ္စနဲ့ရန်လည်းဖြစ်ပြီးသွားပြီ။
သွားမလျှော်တော့ဘူးလို့လည်းပြောပြီးကာမှ
သူ မသိအောင်ခိုးလုပ်နေကြောင်းကိုမြင်လိုက်ရတာမို့
ဂျုံးဂုတော်တော်အချဥ်ပေါက်သွားရသည်။" မင်းပြောတော့ ဦးလေးကြီးချန်းဆော့နဲ့
အလုပ်ကိစ္စရှိလို့ တစ်ည နှစ်ည အိမ်ပြန်မလာ "
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant