အပိုင်း(၃၅)

7K 753 165
                                    

(Unicode)

ကျည်ကပ်တွေချပေးတော့ သူ့ထက်ငါ
အလုအယက်ယူနေကြသောဂျပန်စစ်သားများ။
သွေးကြွနေပုံရပြီး ရုန်းရင်းဆန်ခတ်ရှုပ်ယှက်လျက်။
ဂျုံးဂုသည် စားပွဲခုံကိုဝုန်းခနဲပုတ်ပြီး သူ့ဆီအာရုံ
စိုက်လာအောင်လုပ်၏။

" တစ်ယောက်သုံးကပ်ပဲ ပိုမယူနဲ့ "

သတိပေးသံကြောင့် အနည်းငယ်တန့်သွားကြပြီး
တစ်ယောက်နဲ့တစ်ယောက်စကားလှမ်းပြောနေ
ကြလေသည်။ သို့သော် ဘာမှအထွန့်မတက်ကြပေ။
ဂျုံးဂုမှာသူတို့ကိုအမိန့်ပေးနိုင်သောအာဏာအပြည့်
အဝရှိသလို၊ စီးကရက်တခဲခဲနဲ့စူးစူးရဲရဲမျက်နှာပေး
ကြောင့်လည်း ရှိန်ကြပုံပေါ်သည်။

" ဒဏ်ရာ "

သူကယ်လာခဲ့သောစစ်သား၏ပေါင်ကို ဂျုံးဂုက
မေးငေါ့ပြကာမေးသည်။ ထိုစစ်သားမှာ မချို
မချဥ်ရယ်ရင်း ဘာမှမဖြစ်ပါဘူးဟူသော
အမူအရာနဲ့လက်ခါပြ၍ ကျေးဇူးတင်ကြောင်းပါ
တစ်ပါတည်းပြောလာ၏။

အခြေအနေမပေးသောကြောင့်သာသတ်မပစ်ခဲ့တာမို့
ဂျုံးဂုအနေနဲ့ကျေးဇူးတင်မခံလိုပေ။ ထို့ကြောင့်
ခပ်ပေါ့ပေါ့သာအဖြေပြန်လိုက်၏။

" မလိုပါဘူး "

" ခင်ဗျားလက်မောင်းကဒဏ်ရာရော? "

" အပျော့စားလေးပါ "

" ဒါနဲ့သခင်ကြီးညီမက ခင်ဗျားကိုကြိုက်နေတာဆို "

စစ်သားအများစုမှာ အချစ်ရေးကိုတော်တော်
စိတ်ဝင်စားကြပုံရ၏။ အမြဲလိုလို တိုက်ပွဲနဲ့ပဲ
နပန်းလုံးနေရသူများမို့ အားတာနဲ့ ထိုအနုအယွ
ကိစ္စလေးများကိုအများဆုံးပြောကာ ပါးစပ်အရသာ
ခံတတ်ကြလေသည်။

" ဘာလို့လဲ မင်းရောငါ့ကိုကြိုက်နေလို့လား "

ဂျုံးဂုကရုပ်တည်ကြီးနဲ့နောက်တော့
ထိုစစ်သား၏မျက်ဖြူကလန်သွားကာ
မသတီစရာတစ်ခုကိုကြားလိုက်ရသည့်နှယ်။

" ခင်ဗျားကိုကြိုက်စရာလား။ သခင်ကြီးညီမကိုပဲ
ကြိုက်မှာပေါ့။ အခုလည်း ဒီကိုစာရင်းပေးပြီး
လိုက်လာတာ ဆာကူရာလေးနဲ့တွေ့ရမယ်မှတ်လို့။
ပြောတော့ သူ့အစ်ကိုအီဆန်ကိုရောက်တာနဲ့
သူကဒီကိုတန်းလာမှာတဲ့ ။ အခုထိလည်း
ရောက်မလာသေးဘူး။ လှည့်စားခံလိုက်ရပြီ
ထင်တယ် "

BEYOND THE JOURNEY [Completed]Where stories live. Discover now