(Unicode)
ဂုဂီသည် ဂျုံးဂုပြန်ရောက်တာနှင့်တစ်ပြိုင်နက်
သူ့အဖေအနောက်ကိုပဲ တတောက်တောက်နဲ့
လျှောက်လိုက်နေခဲ့သည်။ ခြေထောက်ကလေးကို
ဆောင့်ကာဆောင့်ကာဖြင့်လမ်းလျှောက်နေသော်
လည်း သူ့အဖေခြေလှမ်းများကိုအမှီလိုက်နေရသည့်
အတွက် ပြေးသလိုလေးဖြစ်နေတော့သည်။အသက်ကလည်းတစ်နှစ်ခွဲအရွယ်လေး
ရောက်လာပြီမို့ သိသင့်သလောက်လေးတွေ
သိကာ အမေးအမြန်းထူလာပြီဖြစ်သည်။အခုလည်း ဂျုံးဂုမကြာမကြာပျောက်သွားခြင်း
အပေါ်သူ့ဦးနှောက်သေးသေးလေးနဲ့ မှတ်ထားပုံ
ပေါ်သည်။ သူ့အဖေကိုနည်းနည်းမှ အပျောက်မခံ
တော့ဘဲ တဖေ့ဖေ့နဲ့ခေါ်ကာ အပူတပြင်းလေး
ဖြစ်နေရှာသေးသည်။" ဖေ့ ဂုဂီနဲ့အိပ် "
ပါးစပ်သေးသေးလေးနဲ့ဝါးခနဲသမ်းဝေလိုက်သည်မှာ
မျက်ရည်လေးများပင်ဝဲသွားရှာတော့သည်။" အင်းအင်း ဖေသိပ်မယ်နော် "
" အိပ်ရာပေါ်ပဲသိပ်လိုက်ဂျုံးဂု
မင်းချီမထားနဲ့ သူတန်းအိပ်တော့မှာ "" သားကအရမ်းကပ်နေသလိုပဲနော်
ဘာဖြစ်လို့လဲမသိဘူး အရင်ကထက်
ပိုကပ်လာတယ် မင်း ငါမရှိတုန်းသားကို
အရမ်းရိုက်ထားသေးတာလား "သူ့ရဲ့ခြေသလုံးတွေကို ဖက်လျက်သားလေး
ခွ၍ငိုက်နေပြီဖြစ်သော ဂုဂီလေးအား
ဂျုံးဂုမှာ ချီယူကာသိပ်ဖို့ပြင်ရသည်။
ထယ်ယောင်းကအိပ်ရာခင်းကိုပြန့်ပြူးအောင်
ခင်းပေးနေရင်းမှ ၊" စွပ်စွပ်စွဲစွဲ "
ဟုပြောကာ မကျေမနပ်ဖြင့်မော့ကြည့်လေရဲ့။
" အင်း ကျွတ်ကျွတ် ကျွတ်ကျွတ် "
လှုပ်လှုပ်ရွရွလေးဖြစ်လာသောသားကြောင့်
တင်ပါးလေးကိုပုတ်ပေးကာချော့သိပ်ရပြန်တယ်။
သားက အူရွှင်သောလူဆိုးလေးဖြစ်သည်။
ငိုသည်မှာအလွန်ရှားပါ၏။နိုးလာတာနဲ့
တဂျီဂျီမလုပ်တတ်ဘဲ၊ဆော့ဖို့ပြင်တတ်တာက
သူ့အကျင့်။ ထိန်းရသိမ်းရအလွန်ခက်သော
ပေါက်စလေးကြောင့် ထယ်ယောင်းမှာအမြဲ
မျက်စိဒေါက်ထောက်ကြည့်နေရသည်။
သူ့အဖေဂျုံးဂုပြန်လာချိန်ဆိုလျှင်တော့
အတန်ငယ်သက်သာပါသေးသည်။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant