အပိုင်း(၂၁)

7.5K 858 84
                                    

(Unicode)

ဆရာဝန်အနောက်ကို ဂျုံးဂုကတကောက်ကောက်
လိုက်နေသလို ပါးစပ်မှလည်းတတွတ်တွတ်
မေးနေခဲ့သည်။

" သူဘာမှမဖြစ်ဘူးမဟုတ်လား "

" ပြန်ကောင်းသွားမှာမလား "

" ကလေးကရော "

" ကျွန်တော့်ကလေးလေးရောအဆင်ပြေရဲ့လား "

" တစ်ခုခုပြောပါဦး ရူးတော့မယ် "

ဂျုံးဂုသည် တစ်လောကလုံး၏အရှုံးတွေကို
ပွေ့ပိုက်ထားရသောအမူအရာမျိုးဖြင့် ရင်ကွဲ
ပက်လက်ဖြစ်နေခဲ့သည်။ ကြမ်းတမ်းတဲ့
အပြုအမူတွေ မရှိတော့သလို၊ စူးရဲတဲ့မျက်လုံး
များမှာလည်း မျက်ရည်စတွေက ပြည့်နှက်နေ
တော့သည်။ ကြမ်းပြင်ကိုတစ်ချက်တစ်ချက်
အဓိပ္ပါယ်မဲ့စွာစိုက်ကြည့်တတ်သော မျက်ဝန်း
တွေကမူ ဟာလာဟင်းလင်းဖြစ်လို့နေသည်။
နံရံတွေကို လက်ဖဝါးနဲ့တစ်ချက်တစ်ချက်
ရိုက်တတ်ပုံက နောင်တတရားများကို
ချခင်းပြနေသည့်နှယ်။

ထယ်ယောင်းကိုစွန့်လွှတ်ရတော့မယ်ဆိုတဲ့
အတွေးတွေများတာနဲ့ကို သူ့မှာအရူး
တစ်ယောက်လို။ နည်းနည်းလေးမှ
သည်းမခံနိုင်ပေ။ ဒါဆိုဘာလို့ သူ့ထံ
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သေးလဲ။
လိုက်မရှာဘဲနဲ့တောင် သူ့ဆီတန်းတန်းမတ်မတ်
ရောက်လာခဲ့ပြီးမှ ဘာတွေကများ အခုလို
ချွတ်ချော်ကုန်ရတာလဲ။

ဝေးရဲလားဆိုရင်လည်း သူ့အဖြေကတစ်ခုတည်းပဲ။

" မလွှတ်လိုက်ပါနဲ့ ။ တစ်ယောက်တည်း
သူကြောက်နေမှာ ။ ကျွန်တော်သိတယ်
ကျွန်တော်သိတယ် "

" လူနာရှင် စိတ်ငြိမ်ငြိမ်ထားပါဦး "

ဆရာဝန်သည် ဂျုံးဂုပုခုံးကိုဆုပ်ကိုင်ရင်း
နှစ်သိမ့်စွာဆိုတယ်။

" လူနာကအခြေအနေကောင်းပါတယ် ဒါပေမဲ့ "

ဂျုံးဂု ဒါပေမဲ့ကို အနောက်မှာမလိုချင်ဘူး။
အရှေ့မှာပဲလိုချင်တယ်။ ဘာပြဿနာတွေ
လာဦးမလို့လဲ။ အခုတောင် သူဆောက်တည်ရာ
မရတော့ဘူးလေ။

" နှစ်ယောက်စလုံးကိုပြောမှရမှာမို့ "

" ထယ်ယောင်း "

BEYOND THE JOURNEY [Completed]Where stories live. Discover now