အပိုင်း(၂၃)

7K 836 82
                                    

(Unicode)

မြစ်တွေဟာ ရှည်လျားတယ်။
မိုင်ထောင်ချီပေမယ့် ရပ်တန့်ခြင်းမရှိဘဲ
ရှေ့သွားတယ်။

မုသားဟာ တွန်းအားပါပဲ။
မမောဘူးလို့ဆိုရင်း ဒီခရီးကလေးကို
တရွေ့ရွေ့ဆက်ရှာတယ်။

ဘယ်နွံတွေကများ ကြမ်းတမ်းခဲ့ပါသလဲ။
ခံနိုင်ရည်တစ်ရှိုက်စာလေးမှာ
နူးနူးညံ့ညံ့ကလေးပဲ ဆွဲနှစ်ပစ်လိုက်တာ။

ဓမ္မဟာ မလိုက်နာတတ်ရင်အတ္တပဲ။
ငါ့ဆီကောင်းတာတွေပဲဖြစ်ပါစေ။

အယူတွေတိမ်းတဲ့အခါ မေတ္တာဟာလည်း
ကြောက်စရာပါပဲ။ ဘာလို့များ ငါ့အလှည့်ကျမှ
မတန်ပြန်ရသလဲကွယ်။

အထိအခိုက်တွေဟာ ငါ့ကမ္ဘာမှာသိပ်များတာပဲ။
အဲ့တာတောင် ဗုဒ္ဓဟာ မဆိုင်သလိုကြည့်နေရက်တယ်။
ဒီသံသရာထဲကငါ့ကိုခေါ်ထုတ်သွားပါတော့။
အားထုတ်မှု့မပါဘဲနဲ့ ငါဟာ ညည်းရုံပဲညည်းတယ်။

မလွန်မြောက်ချင်တဲ့ခရီးလေးဖြစ်ခဲ့တယ်ထင်ပါရဲ့။
ဘုရားဟာ နည်းလမ်းတွေချပေးခဲ့တာတောင်
ဒီသောကကလေးကိုပဲ ငါဟာပိုခုံမင်ဖြစ်ခဲ့တယ်။

ငြိမ်းအေးတဲ့ရွတ်ဆိုသံလေးကြောင့်
ထယ်ယောင်းခြေလှမ်းတွေအလိုလို
ရပ်တန့်မိလျက်သား။ သစ်ပင်ကို
အကာအကွယ်ပြု၍ ထိုအသံပိုင်ရှင်ကို
သူချောင်းကြည့်လိုက်မိသည်။

" ရုံရုံ "

သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ စိတ်အေး
လက်အေးစာထိုင်ဖတ်နေတဲ့ရုံရုံကို
တွေ့သည့်အခါ ထယ်ယောင်းနှုတ်ခမ်း
လေးတွေဟသွားရသည်။ ဒီကလေးဟာ
သိပ်တတ်တာပါပဲ။ သူ့ကိုမျက်လုံးလေးတွေ
ပိတ်အောင်ပင်ပြုံးကာနှုတ်ဆက်လာလေရဲ့။

" အစ်ကိုဂျုံးဂုဟာလေး "

" တယ် ဘာကိုဂျုံးဂုဟာလေးလဲ ။
နာမည်ရှိတယ် ထယ်ယောင်း "

" ဟုတ်ကဲ့ပါအစ်ကိုထယ်ယောင်းကလည်း ဟီး "

ထယ်ယောင်း မျက်ထောင့်လေးကပ်ပြပြီးနောက်
ရယ်ချလိုက်သည်။

" ဘာတွေဖတ်နေတာလဲ "

" ဒါလား စာအုပ်လေ၊ ကဗျာစာအုပ် ။
တခြားစာအုပ်တွေလည်းရှိသေးတယ် "

BEYOND THE JOURNEY [Completed]Where stories live. Discover now