အပိုင်း (၁၂)

12K 1.3K 90
                                    

(Unicode)

မိုးပြေးများ တစ်မနက်လုံးစွေနေခဲ့သော
အုံ့မှိုင်းမှိုင်းရာသီဥတုဖြစ်သည် ။

သစ်ပင်သစ်ခက်များပေါ်တွင် တင်ကျန်လက်စ
မိုးရေစက်များ၏ တပေါက်ပေါက်အသံကသာ
ပတ်ဝန်းကျင်တစ်ခွင် လွှမ်းမိုးထားခဲ့သည်  ။

မိုးတိတ်သွားသည်နှင့်တစ်ပြိုင်နက် ဂျုံးဂုက
အနက်ရောင်သားရေဂျာကင်ကို ဆွဲယူဝတ်
လိုက်သည် ။ ကုတင်ပေါ်တွင်တော့ ဂျုံးဂု
ပြောပြသည့် ဖြစ်ရပ်မှန်မဟုတ်သောပုံပြင်များအား
ယုံကြည်ရင်းအိပ်ပျော်သွားသော ကောင်လေး
တစ်ယောက်ရှိလေသည် ။

စောင်ကိုပုခုံးအထိဆွဲခြုံပေးပြီးနောက် ပါးအိအိ
ကလေးကို ဂျုံးဂုငုံ့နမ်းလိုက်သည် ။ ဖြတ်ခနဲ
ပွင့်လာသော မျက်လုံးလေးနှင့် ဆတ်ခနဲဆွဲထားသော
လက်တစ်ဖက်ကြောင့် ဂျုံးဂုသဘောကျစွာ
ရယ်မိတော့သည်  ။ 

" အိပ်ပျော်သွားပြီထင်လို့ "

ဒီအတတ်ကလေးက မူရာမာယာများမှန်း
သူသိထားပါလျက်ကို ခံလိုက်ရခြင်း ။

" ဘယ်သွားမလို့လဲ "

" ပိုက်ဆံလေ  ။  သွားတောင်းမလို့ "

" နားမလည်ဘူး "

" ဒီနယ်မြေလုံခြုံရေးကို ငါကတာဝန်ယူ
   ထားရတယ်​လေ  ။  အဲ့ဒီအတွက်တန်ကြေးပေါ့ "

ထယ်ယောင်းက ရိပ်ဖမ်းသံဖမ်းမိသွားပုံရသည်  ။

" မင်းလုပ်နေတာတွေမကောင်းဘူး "

" ငါသိတယ် "

" သိရဲ့သားနဲ့ "

" နောင်တမရဘူး  ။  ဒါငါ့အလုပ်ပဲ "

" ငါလည်းလိုက်မယ် "

" မလိုက်နဲ့  ။ မင်းအဆင်မပြေမှာစိုးတယ် "

" အဆင်ပြေတယ် ။  ငါ့ယောကျာ်းအလုပ်ကို
  ငါသိထားသင့်တာပေါ့  "

သိပ်တတ်နေတဲ့နှုတ်ခမ်းလေးကို ဂျုံးဂုဖိနမ်း
ပစ်မိသည်  ။ သူ့လက်နှစ်ဖက်ကြားမှာ စူထွက်နေတဲ့
နီပုံ့ပုံ့နှုတ်ခမ်းလေးက သကြားညိုကပ်ထားသော
ဆန်မုန့်လုံးလေးထက် ပိုချိုသည် ။

BEYOND THE JOURNEY [Completed]Where stories live. Discover now