(Unicode)
အီဆန်ကိုရောက်တာဖြင့်တစ်နာရီမပြည့်သေး။
မြစ်ဆိပ်မှာလက်မှတ်ဝယ်နေသော ထယ်ယောင်း
ဖြစ်သည်။ မျက်နှာလေးကိုကြည့်လိုက်တာနဲ့
ငိုယိုထားမှန်းသိသာပြီး တစ်ချက်တစ်ချက်
မျက်ရည်များကျဆင်းလာပါလျှင် အံကိုကြိတ်ကာ
သုတ်ပစ်တတ်၏။သူဘာတွေမြင်လိုက်မိလဲဆိုတာ ထယ်ယောင်းမသိ။
ဘာတွေပြောလိုက်မိလဲဆိုတာလည်း ထယ်ယောင်း
မသိ။ အခုအချိန်မှာ ဝမ်းနည်းလွန်းလို့ ဂျုံးဂု
မျက်နှာကိုမမြင်ချင်တာပဲ သူသိသည်။
အဲ့တာကြောင့် ဘူဆန်ကိုချက်ချင်းပြန်ဖို့
လက်မှတ်ဝယ်နေခြင်းဖြစ်သည်။လက်မှတ်ဖြတ်နေရင်းပင် ဝမ်းနည်းစိတ်က
ဆောင့်တိုးလာတော့ မျက်ရည်ကျရပြန်သည်။" သူငယ် အဆင်ပြေရဲ့လားကွယ် "
လက်မှတ်ရောင်းသောဦးလေးကြီးကမေးသည်။
" ပြေတယ် "
စိတ်တိုနေရတဲ့ကြားထဲ လာစကားများနေသည်မို့
ထယ်ယောင်းက ဆောင့်ဆောင့်အောင့်အောင့်လေး
အဖြေပြန်၏။" အိမ်ပေါ်ကဆင်းလာတာထင်တယ်။
ရေလေးဘာလေးသောက်ပါဦးလား "" အဲ့တာဦးလေးနဲ့ဘာဆိုင်လဲ ဟင့် "
ပြောမိသမျှက တုတ်ထိုးအိုးပေါက်တွေချည်းသာ
ဖြစ်သည်။ ဦးလေးကြီးကသဘောကောင်း၍သာ
တော်တော့သည်။" ရော့ ရော့ ဒေါသပြေသွားအောင်ရေလေး
သောက်လိုက်ဦး "ရေဘူးကမ်းပေးတော့လည်း ထယ်ယောင်း
မနေနိုင်တော့။ လူကမောနေသည့်အပြင်၊
ရေကလည်းဆာနေပြီမို့ စူပုတ်ပုတ်ရုပ်လေးနဲ့
လှမ်းယူကာသောက်လိုက်တယ်။" အင့် "
" ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ဦးလေ "
ဂျုံးဂုအသံကမောဟိုက်သံစွက်နေသည်။
သို့သော်ချိုသာ၏။" ဘာလို့လိုက်လာတာလဲ လူယုတ်မာကြီးရဲ့ ။
အဲ့ဆာကူရာဆိုတဲ့ ဂျပန်မနဲ့ပဲ သွားပျော်လေ
သွား အီးဟီး "ဂျုံးဂုရင်ဘတ်ကို အိတ်နဲ့ဘုတ်ခနဲရိုက်ကာ
သင်္ဘောပေါ်အပြေးတစ်ပိုင်းတက်သွားတော့သည်။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant