အပိုင်း (၇)

9.8K 1.3K 151
                                    

(Unicode)

တောင်းထဲတွင်ပြည့်နေသော မက်မွန်သီး ,
ကီဝီသီး , ပန်းသီး နှင့် များစွာသောအသီးအနှံတို့ကို
ဂျုံးဂုက ခေါင်းရမ်းရင်းကြည့်နေတယ် ။

" နည်းတယ် သွားခူးရဦးမယ် "

တံချူကိုထောင်၍ ဘောင်းဘီရှည်အားလိပ်တင်ကာ
ထုံးစံအတိုင်းပင်အသီးသွားခူးဖို့ပြင်သည်။

ဂျုံးဂုလုပ်သမျှကို ဆာကူရာက အိမ်ပြတင်းပေါက်မှ
မေးထောက်ရင်းကြည့်နေခဲ့သည်။  ဂျုံးဂုကြည့်ရတာ
သိပ်ထူးဆန်းသည် ။ အခုတလောပျော်နေသလိုပင် ။
အရင်ကဆို အမြဲသွေးအေးစွာရှိနေတတ်တဲ့
မျက်ဝန်းတွေ ယခုမူ သက်ဝင်ကြည်လင်လျက်။

မိမိကြောင့်များလားဟု ဆာကူရာတွေးမိပြန်တော့
သူမ ရင်ထဲတသိမ့်သိမ့် ။ မမြင်ရတဲ့ရက်တွေများလို့
လွမ်းဖျားလွမ်းနာကျခဲ့သမျှက ယူပစ်လိုက်သလို
ပျောက်ကင်းသွားသည် ။  သခင်ကြီးကသာ
ဒီကိုခဏခဏလာခြင်းအား မကန့်ကွက်ခဲ့ပါက
ဂျုံးဂုနှင့်မိမိ၏အခြေအနေက ကြိုးစားသ၍
တိုးတက်လာနိုင်သည်ဟု ခန့်မှန်းမိသည် ။

" ဒီလောက်များနေတာတောင် ရှင် သွားခူးဦးမလို့လား "

" အင်း "

ဂျုံးဂုက ပန်းသီးတစ်လုံးကို ကိုက်ရင်းဖြေသည် ။

" မင်းအတွက်လေ "

သူမက အသီးအနှံမကြိုက်မှန်း ဂျုံးဂု
သိပေမယ့် ဒီဂရုစိုက်မှု့လေးဆိုရင်လည်း
မဆိုးသေးပါဘူးလေ ။
အရင်အခေါက်တွေတုန်းကဆို ပြန်မယ့်နေ့တောင်
မသိချင်ယောင်ဆောင်နေတတ်သော လူမျိုးမို့
ဆာကူရာမှာ အကျေနပ်ကြီးကျေနပ်နေမိတော့သည်။

************

တဖြုတ်ဖြုတ်ကြွေကျသံများကို ထယ်ယောင်း
ရင်းနှီးနေပြီ ။ ထို့ကြောင့် ထပင်မကြည့်ဖြစ်တော့ ။
မိုးတောင်လင်းရုံရှိသေးသည် ။ ဂျုံးဂုဟူသော
ကိုယ်တော်ချောက အိမ်ရှေ့မှာရှိတဲ့အပင်တွေကို
စတင်လက်သရမ်းနေချေပြီ ။

တစ်နေ့နှစ်ခေါက်လောက်တော့ အနည်းဆုံး
လာလာခူးတတ်သည် ။ သခင်ကြီးကို လက်ဆောင်
ပဏ္ဏာပေးဖို့ဆိုပြီး ကြားရသော်လည်း ယခု
တစ်ခေါက်မှသာ ဘာစိတ်ကူးပေါက်သည်မသိ ။
အသီးအနှံတဲ့ ။ အရင်ကတော့ မိန်းကလေး,
ယောကျာ်းလေးမရွေး ..ခုတုံးလုပ်ကာ မျက်နှာလို
မျက်နှာရလုပ်နေပြီး ။

BEYOND THE JOURNEY [Completed]Where stories live. Discover now