Chapter (2)

10.8K 1.2K 2
                                    

Unicode

သူမပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ
ဘယ်လိုအမှားမျိုးမှထပ်လုပ်တော့မှာမဟုတ်ဘူး

အရင်ဘဝတုန်းက Shen Yan အနေနဲ့ Meng Yi'an ကိုပြန်လည်လိုချင်ခဲ့တာကြောင့် ဘယ်လိုအလုပ်မျိုးမှ မလုပ်ခဲ့ဘဲ ထိုအမျိုးသားနောက်ပဲလိုက်နေမိခဲ့တယ်။ ဒါကြောင့် နောက်ဆုံးတော့ သူမနဲ့ အကျွမ်းတဝင်ရှိခဲ့တဲ့ အနုပညာအသိုင်းအဝိုင်းမှာပါ Meng Yi'an ပိတ်ဆို့နှောင့်ယှက်မှုကိုခံခဲ့ရတော့တယ် ။

ကားထဲမှာ သုံးနာရီခန့် ထိုင်ပြီးတဲ့နောက်မှာတော့ Shen Yan Studio သို့ ရောက်ရှိခဲ့ပြီ ။ သူမရဲ့ မျက်နှာက ပိုပိုပြီးတော့ တည်ကြည်လာခဲ့တယ်။  ဒီဘဝမှာတော့ သူမ အမြင့်ဆုံးအထိတက်လှမ်းနိုင်ရမယ် ။ နောက်ဆုံးတော့ Shen Yan အထဲကို ဝင်သွားလိုက်တယ် ။

အတွင်းဘက်မှာ လူရွေးပွဲကိုလာတဲ့ သရုပ်ဆောင်များစွာရှိပြီး အတွေ့အကြုံမရှိတဲ့အနုပညာရှင်တွေတောင် ရှိနေသေးတယ်။

လူသွားလမ်းပေါ်မှာ လူတန်းရှည်ကြီးရှိနေခဲ့ပြီး နံပါတ်ကဒ်ပြားကိုသွားယူပြီးနောက်မှာတော့ Shen Yan လည်းပဲသွားရောက်တန်းစီလိုက်တယ်။

အနုပညာရှင်တွေပြောဆိုနေတာကိုကြားရပြီးတဲ့နောက် ဒီဇာတ်လမ်းတွဲအတွက် ရင်းနှီးမြှုပ်နှံကွေတွေက‌ အရမ်းကိုနည်းပါးကြောင်းကို Shen Yan သိလိုက်ရတယ် ။ နောက်ပြီး ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်အသစ်တွေကိုထည့်သွင်းအသုံးပြုလိမ့်မယ် ။ဒီတော့ လူရွေးပွဲကိုလာတဲ့အနုပညာရှင်တစ်ဝက်ကျော်လောက်က တက်သစ်စလေးတွေပဲဖြစ်နေခဲ့တယ်။ သူတို့က ဇာတ်ကွက်ရလောက်မယ့် ဇာတ်ကောင်နေရာကိုရနိုင်လောက်မလားဆိုပြီးလာခဲ့ကြတာဖြစ်တယ်။

ဒါကြောင့်ပဲ အရည်အချင်းရှိတဲ့ အနုပညာရှင်အသစ်လေးတွေက ဒီဇာတ်လမ်းအတွက် လူရွေးပွဲကို လာရောက်ဖြေဆိုကြတာဖြစ်တယ်။

ထိုင်စရာနေရာလွတ် မရှိတော့တာကြောင့် Shen Yan ခြေထောက်တွေကိုက်ခဲလာတဲ့အထိမတ်တပ်ရပ်ပြီးစောင့်နခဲ့ရတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now