Unicode
ရှန်ယန်း ပြိုင်ပွဲမှာပါဝင်ခဲ့ပြီးတဲ့နောက် ဒါက ပထမဆုံးအကြိမ် ကျိုးရိုဆီမှာအကူအညီတောင်းလိုက်တာပဲ။ ကျိုးရိုက ဘာအတွက်လဲဆိုတဲ့မေးခွန်းကို မေးမနေတော့ဘဲ ခဏမျှတွေးတောကြည့်ကာ ပြန်ဖြေလာတယ်။
"ငါ မင်းအတွက်ကူညီပြီးမေးထားလိုက်မယ်.. အဆင်ပြေရင် မင်းကိုပြန်ပြောမယ်လေ.. စုံစမ်းလို့မရရင်တော့ ဖြေရှင်းဖို့နည်းလမ်းရှာကြည့်လိုက်မယ်"
လမုန့်တွေအကုန်လုံးကို ပေးဝေပြီးသွားတော့ ရှန်ယန်းလည်း ပြန်ဖို့ရာပြင်ဆင်လိုက်တယ်။ ထိုအချိန်မှာ ကျိုးရိုက သူမရဲ့နောက်ကျောဘက်ကနေအော်ပြောလာလေရဲ့။
" ငါ့မှာ လေလံပွဲတစ်ခုအတွက် ဖိတ်စာရထားတယ်.. ငါကအချိန်မရှိလို့သွားဖြစ်မှာမဟုတ်ဘူး.. မင်းမှာအချိန်ရှိရင် သွားလို့ရတယ်"
ရှန်ယန်း ဖိတ်စာကိုလက်ခံရရှိချိန်မှာ လေလံဆွဲမယ့်ပစ္စည်းတွေကို ပြန်ကြည့်လိုက်တယ်။ ဒါက အနာဂတ်မှာ အဖိုးထိုက်တန်လာမဲ့ ရှေးဟောင်းပန်းချီကားပဲ။ သူမရဲ့လက်ထဲမှာရှိနေသေးတဲ့ ပိုက်ဆံပမာဏကိုတွက်ချက်ကြည့်ပြီးနောက် သူမ သွားဖို့ဆုံးဖြတ်လိုက်တယ်။
Sweet Chocolateရဲ့ထောက်ခံသူအဖြစ် ဝင်ငွေနဲ့ ၊ ရှန်းလုရုပ်ရှင်အတွက်ရရှိထားတဲ့ အနုပညာကြေးသုံးပုံတစ်ပုံက များပြားခြင်းမရှိပေမဲ့လည်း သူမသာ စျေးထပ်မြင့်ဖို့(လေလံပြိုင်ဆွဲဖို့)မတတ်နိုင်ခဲ့ရင် ထိုပန်းချီကားကိုဓာတ်ပုံလောက်တော့ ရိုက်သွားနိုင်တာပဲလေ။
ရှန်ယန်း ကျိုးရိုနဲ့စကားပြောနေချိန်မှာပဲ ဝမ်ဖန်းတစ်ယောက် အူယားဖားလျားနဲ့ပြေးလာခဲ့တယ်။
"ပြီးသွားပြီ ..ပြီးသွားပြီ"
ရှန်ယန်း:"ဘာပြီးတာလဲ"
"ကုမ္ပဏီရဲ့တိုက်ခန်းအတွက် အစီအစဥ်က အကုန်ပြီးသွားပြီ.. ရှန်ယန်းရော ကျန်းရုံရော နှစ်ယောက်လုံး ရလိုက်တယ်.. နောက် ရက်နည်းနည်းလောက်ကြာရင် ငါတို့ သော့တွေရပြီး ရွှေ့ပြောင်းလို့ရပြီ.. တိုက်ခန်းအသစ်တွေက အခုမှပြန်ပြင်ထားတာ .. မင်း ပစ္စည်းတစ်ချို့ဝယ်ပြီးရင်ပြောင်းလို့ရပြီ"
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引