Chapter (98)

1.1K 91 19
                                    

Unicode

ရှန်ယန်းရဲ့ခြေလှမ်းတွေ ရပ်တန့်သွားရပြီး လှောင်ရယ်လိုဟန်နဲ့ မေးလိုက်တယ်။

"ဥက္ကဋ္ဌမု ဘာလို့ ကြောင်သူတော်ယောင်ဆောင်နေရတာလဲ"

သူမကို ဒီလိုမျိုးတွန်းအားပေးပြီးမှ သူမစားဖို့အတွက် ချက်ပေးနေတာလား။ ဒါက အနိုင်ရတဲ့အတွက် ပျော်ပွဲရွှင်ပွဲလုပ်နေတာလား။

မုရီအန်းကတော့ အနည်းငယ်ဆုံးရှုံးသွားရသလိုပဲ။ သူက မီးဖိုချောင်ကို ထပ်ဝင်သွားပြန်တယ်။ ခဏအကြာမှာတော့ စားပွဲပေါ်မှာရှန်ယန်းကြိုက်တတ်တဲ့ ဟင်းလေးမျိုးနှင့် ဟင်းချိုတစ်ပွဲ ရှိနေခဲ့ပြီး ရှန်ယန်းကတော့ တည်ငြိမ်စွာကြည့်နေခဲ့တယ်။

ရှန်ယန်းနဲ့အတူ လိုက်ပါလာသော အန်တီကတော့အကြောင်းပြချက်တစ်ခုရှာပြီး ထွက်သွားခဲ့ပြီ။ ဧည့်ခန်းထဲမှာ ရှန်ယန်းနဲ့ မုရီအန်းသာ ကျန်နေခဲ့ပြီး လေထုကလည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေတယ်။

ရှန်ယန်း သူမရဲ့အိတ်ထဲမှ ဘောပင်နဲ့ စာရွက်ကို ထုတ်ယူလိုက်တယ်။
ပြီ
"မစ်စတာမု ကျွန်မတို့တွေ ဘာလို့ သဘောတူညီချက်ကို လက်မှတ်မထိုးရမှာလဲ.. ဒီထဲမှာ ရှင် ကျွန်မကိုလုပ်ခိုင်းချင်တာ အကုန်လုံးကို ချရေးလိုက်ပေါ့.. ရှင်နဲ့အတူစားစေချင်တာလား ဒါမှမဟုတ် ရှင်နဲ့ တစ်ခန်းတည်းနေစေချင်တာလား.. အရာအားလုံးကို ချရေးလိုက်လေ.. ကျွန်မကို ထပ်ခါထပ်ခါ အတင်းအကြပ်ခိုင်းနေစရာမလိုတော့ဘူးပေါ့..ရှင်ကျွန်မကို ဖိအားပေးပြီး လုပ်ခိုင်းချင်နေတာတွေက ဘာတွေလဲ.. ကျွန်မက ဘယ်လိုအရာတွေကို ကိုယ်တိုင်ဆုံးဖြတ်လို့ရနိုင်လဲ"

ရှန်ယန်းက ယဉ်ကျေးစွာ ပြုံးပြီး မုရီအန်းကို တည်ငြိမ်စွာကြည့်လာတယ်။

မုရီအန်း တစ်စုံတစ်ခုပြောချင်ပေမယ့် သူ့ရဲ့လည်ချောင်းတွေက ပိတ်ဆို့နေပုံရပြီး စကားတစ်ခွန်းမှ ပြောမထွက်နိုင်ခဲ့ဘူး။ အချိန်အတော်ကြာပြီးမှသာ:

"ကိုယ်...ကိုယ်က မင်းကို စားစေချင်ရုံပါ"

ရှန်ယန်း ကျယ်လောင်စွာ အော်ရယ်လိုကာပြီးနောက် သူ့ရဲ့အနီးကိုတိုးကပ် ကာ စိုက်ကြည့်လိုက်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now