Unicode
နာရီဝက်လောက်ကြာတော့ ကျိုးရိုက ရှန်ယန်းကို ဖြောင်းဖျနေဆဲဖြစ်ကာ ရှန်ယန်းကတော့ ထမင်းချက်နေခဲ့ပြီ။ကျိုးရိုက ကုမ္ပဏီရဲ့ ဖုန်းခေါ်ဆိုမှုကို ဖြေလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်တယ်။
"ငါ့ကို ခဏလောက်အနားပေးပါဦး မင်းအခု ဘာကိုပြောချင်တာလဲ"
"ကျွန်မတစ်ယောက်တည်း ယာယီအနားယူရုံတင်မကဘဲ ဝမ်ဖန်းနဲ့ ကျန်းရုံပါ အနားယူလိုက်ရမှာလား.. မကြာသေးခင်ကမှ ကျွန်မရဲ့အလုပ်တွေရှုပ်နေလို့ဆိုပြီး ကုမ္ပဏီက ကျွန်မကို ယာယီအားလပ်ရက်ယူခွင့်ပေးလိုက်ပြီး ကျွန်မရဲ့ အနုပညာရှင်တွေကို တခြားအေးဂျင့်ဆီကိုပြောင်းပေးလိုက်မယ် လို့ပြောတာလား"
ကျိုးရိုဖုန်းပြန်ဖြေနေတဲ့လူက သူတို့ရဲ့ အင်တာတိန်းမန့်မှ ထိပ်တန်းအေးဂျင့်တစ်ယောက်ပဲ။ရှန်ယန်း ကျိုးရိုကို ဘေးမှ ကြည့်ရင်း လှမ်းမေးလိုက်တယ်။
"ဘာဖြစ်တာလဲ"
ကျိုးရိုက အံ့သြကြောင်အမ်းနေရာမှ ရှန်ယန်းကိုကြည့်လာတယ်။
"ကုမ္ပဏီက ငါ၊ ဝမ်ဖန်းနဲ့ ကျန်းရုံတို့ကို ခဏလောက် အနားယူခိုင်းလိုက်တဲ့.. ငါနဲ့ ဝမ်ဖန်းတို့ တာဝန်ယူထားတဲ့ အနုပညာရှင်တွေကို တခြားအေးဂျင့်တွေကို တခြား အေးဂျင့်တွေဆီ လွှဲပေးရမယ်တဲ့"
သူမက အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလာကာ ရှန်ယန်းရဲ့ အင်္ကျီလက်ကိုလှမ်းဆွဲလာတယ်။
"ရှန်ယန်း .. ဒါက မုရီအန်းပဲ.. ငါတို့တွေ အခုဘယ်လိုလုပ်ရတော့မလဲ"
လိုက်သည်။ရှန်ယန်း အပြုံးတစ်ခုနဲ့ မျက်ရည်တွေကိုသုတ်လိုက်တယ်။
"ကျွန်မသွားမယ်"
ရှန်ယန်းအနေနဲ့ မုရီအန်းက ဒီလောက်ထိ လုပ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူမကို ဖိအားပေးလာတာကိုထားလိုက်တော့။ ဝမ်ဖန်းနဲ့ကျိုးရိုတို့ကိုပါ ဖိအားပေးလာသေးတယ်။
ရှန်ယန်းရဲ့အမူအယာကိုမြင်တော့ ကျိုးရို စိတ်ဓာတ်ကျသွားရတယ်။ သူမ တစ်စုံတစ်ခုပြန်ပြောချင်လိုက်ပေမဲ့ ရှန်ယန်းက သူမကို တိုက်ရိုက်ပဲဖြတ်ကျော်သွားခဲ့ပြီ။ ကျိုးရိုတစ်ယောက်တံခါးပြန်ပိတ်တဲ့ အသံကိုပဲကြားလိုက်ရတယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引