Zawgyi
Host ကထုတ်လွှင့်မှုစတင်ပြီဖြစ်ကြောင်းပြောတဲ့အချိန်မှစပြီးတော့ တစ်နာရီခန့် အချိန်ပေးထားလိမ့်မယ်။
တစ်ဖက်မှာတော့ ပရိတ်သတ်တွေကယခင်တစ်ပတ်ကအကြောင်းတွေကိုပြန်လည်ဆွေးနွေးနေကြပြီး ဝန်ဖမ်းကတော့ ထိုအကြောင်းတွေကိုနောက်ထပ်ပြန်လည်ကြားချင်တဲ့စိတ်တောင်ရှိမနခဲ့ဘူး။ အရင်အပတ်က သူက ရှန်ယန်းသာအနိုင်ရခဲ့ရင် ကီးဘုတ်တစ်ခုစားပြမယ်လို့ပြောခဲ့တာကြောင့်အရှက်ကွဲခဲ့ရတယ်လေ။
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သူကရှန်ယန်းထွက်ရမယ်လို့ သေသေချာချာကြီးတွေးထင်နေတာတောင် ထပ်ပြီးမပြောရဲတော့ဘူး။
ကျိုးရိုရဲ့မျက်မှောင်ကြုတ်နေတဲ့မျက်နှာကြောင့် ဝမ်ဖန်းက စကားစလိုက်တယ်။
" ကျွန်တော် ရှန်ယန်းအတွက်သတင်းတွေရှာပေးရမလား ရှန်ယန်းကအရမ်းကောင်းတယ်လို့ထင်တာပဲ "
"ဒီတစ်ကြိမ်ကော နင်ဘာစားပြဦးမှာလဲ "
" ဘာကိုပြောချင်တာတုန်း ကျွန်တော်ပြောမယ် ရှန်ယန်းကတော်တယ်ဆိုတာကျွန်တော်လက်ခံပါတယ် ဒါကြောင့်ပဲကျွန်တော်သူ့ကိုကူညီချင်တာလေ ခင်ဗျားလဲသိတာပဲမလား ဒီတစ်ခေါက်တော့ရှန်ယန်းနှုတ်ထွက်ရတော့မယ်ဆိုတာအသေအချာပဲလေ လူတွေအကုန်လုံးလည်းအဲလိုပဲထင်နေကြတာ"
သူကပြောပြီးပြီးချင်းပဲ သူ့ဘေးနားကလူဘက်ကိုလှည့်ပြီးမေးလိုက်တယ်။
" ဒီနေ့ရှန်ယန်းနှုတ်ထွက်ရမယ်လို့ထင်လား "
သူ့ရဲ့ဘေးကလူကခဏမျှတွေးရင်းပြန်ဖြေလာတယ်။
"တကယ်လို့ရှန်ယန်းသာ တခြားသူတွေကိုအနိုင်ပိုင်းနိုင်ခဲ့ရင် ငါသူ့ရဲ့ပရိတ်သတ်ဖြစ်လာတော့မှာပဲ ဟားဟားဟား"
ကျိုးရိုကလည်းရှန်ယန်းကိုယုံကြည်နိုင်ခြင်းမရှိပေမယ့်လည်း သူမကရှန်ယန်းရဲ့အေးဂျင့်ဖြစ်နေတုန်းပဲ။ ဒါကြောင့် သူမကရှန်ယန်းကိုယုံကြည်နေဖို့လိုအပ်တယ်။
"ငါတို့ယန်ယန်းက အနိုင်ပိုင်းနိုင်လိမ့်မယ်!"
" ဟားဟားဟား တကယ်လို့ရှန်ယန်းသာအနိုင်ရမယ်ဆို ကျွန်တော် ကျန်းရုံကိုနောက်ဆုတ်လိုက်မယ် !"
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引