Zawgyi
"နံပါတ်တွေကို စပြီးမဲနှိုက်မယ်... ပြိုင်ပွဲဝင်တစ်ယောက်ချင်းဆီမိတ်ဆက်ပြီးတာနဲ့ vote ပေးခြင်းကိုစတင်နိုင်ပါပြီ "
" ပြိုင်ပွဲဝင်တွေအကုန်လုံး ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီးရင် voteပေးဖို့အတွက်နောက်ထပ်အချိန်တစ်နာရီထပ်မံပေးထားမှာပါ တကယ်လို့ ဒီလိုအဆုံးအဖြတ်စနစ်ကိုသဘောမကျတဲ့ပြိုင်ပွဲဝင်တွေရှိရင်တော့ အခုပဲနှုတ်ထွက်သွားနိုင်ပါတယ် "
Host တွေက ထိုစကားကိုပြောပြီးတာနဲ့ ဘေးနားဆီကိုနောက်ဆုတ်သွားကြတယ်။
ဒီပြိုင်ပွဲစနစ်က ကံတရားအပေါ်မှာမူတည်နေတယ်။ ပထမဆုံး စတင်အခေါ်ခံရတဲ့နံပါတ်နဲ့ နောက်ကျမှအခေါ်ခံရတဲ့နံပါတ်တွေရဲ့ စတင်ရမယ့်အခြေအနေတွေက တူညီမှုရှိမနေဘူး။
ပရိတ်သတ်တွေက သူတို့သဘောကျတဲ့သူကိုတွေ့တာနဲ့ချက်ချင်း voteပေးနိုင်တယ်ဆိုပေမယ့် voteပေးနိုင်တဲ့အခွင့်အရေးကတော့တစ်ကြိမ်ပဲရှိတယ်။ နောက်ကျမှအခေါ်ခံရတဲ့အနုပညာရှင်အတွက်ကတော့ ပရိတ်သတ်တွေကကြိုက်နှစ်သက်တယ်ဆိုရင်တောင် သူတိုရဲ့ voteတွေကအသုံးပြုပြီးသားဖြစ်သွားနိုင်တယ်။
တကယ်လို့တရားမျှတအောင်လုပ်မယ်ဆိုရင် မဲပေးတဲ့အချိန်ကို ပြိုင်ပွဲဝင်တွေအားလုံးမိတ်ဆက်ပြီးတဲ့အချိန်မှာ လုပ်သင့်တာလေ။ ဒါပေမယ့် ပြိုင်ပွဲဝင်သုံးရာကျော်တောင်ရှိနေတာဖြစ်တဲ့အတွက် အဲဒီနည်းလမ်းက မဖြစ်နိုင်ဘူး။
နောက်တစ်နည်းပြောရရင် ပရိတ်သတ်တွေက သူတို့သဘောကျတဲ့အနုပညာရှင်ကိုမေ့သွားတာမျိုးဖြစ်ပြီး voteမပေးလိုက်ရတာမျိုးလည်းဖြစ်သွားနိုင်တယ်။
စတိတ်စင်ရဲ့နောက်မှာရှိနေတဲ့တစ်ယောက်က ထပြောလာတယ်။
" အခြေခံကျကျပြောရရင် နောက်ဆုံးမှစတိတ်စင်ပေါ်ကိုအခေါ်ခံရတဲ့လူကတော့ နှုတ်ထွက်ရမှာသေချာတယ် ဟုတ်တယ်မလား "
သူတို့တွေက ဆက်လက်ဆွေးနွေးနေကြပေမယ့် ပထမဆုံးနံပါတ်ကိုစတင်အော်ခေါ်လိုက်ပြီဖြစ်တာကြောင့် အခေါ်ခံလိုက်ရတဲ့ပြိုင်ပွဲဝင်ရဲ့မျက်နှာက ကြီးမာတဲ့screenပေါ်မှာ ပေါ်ထွက်လာတယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引