Zawgyi
"ဟေး"
ရှန်ယန်း အကြည့်တွေကိုပြောင်းလဲလိုက်ပြီး လက်ဦးမှုယူကာ လေးလေးနက်နက်ပြောလိုက်တယ်။" မျိုးရိုးနာမည်လု နဲ့ဖြတ်သွားဖြတ်လာလို့ခေါ်လိုက်လေ"
(T/n_ မျိုးရိုးကို လုလို့ခေါ်ခိုင်းတာက လုယွင်ချန်းရဲ့ပွဲကိုလာတဲ့အတွက် သူ့ပရိသတ်အဖြစ်မှတ်ယူလိုက်လို့ပြောတာလို့ထင်တာပဲ _ no sure)
ရှန်ယန်း စဉ်းစားကြည့်လိုက်တော့ မထိန်းနိုင်ဘဲရယ်မိသွားတယ်။
"ကောင်းပြီ ဖြတ်သွားဖြတ်လာမစ်စတာလုပေါ့"လုယွင်ချန်းကလည်း သူမနဲ့အတူလိုက်ပါရယ်မောလိုက်တယ်။
" မစ်စတာလု လား"ရှန်ယန်း:"ဟုတ်တယ်"
ထိုသူက အမှန်တကယ် မစ်စတာဖြတ်သွားဖြတ်လာမဟုတ်ပေမယ့် ရည်းစားဟောင်းလို့ပြောဖို့က တော်တော်ကြီးစိတ်ကူးယဉ်ဆန်လွန်းတယ်လေ။ သူမက မုရီအန်းကိုဖြတ်သွားဖြတ်လာမစ်စတာလုလို့ပြောလိုက်တာကြောင့် သူမအနေနဲ့ မုရီအန်းနဲ့လည်း ဆက်ဆံရေးမရှိကြောင်းဖော်ပြပြီးသားဖြစ်သွားလိမ့်မယ်။ ရှင်းရှင်းပြောရင် သူမက မုရီအန်းနဲ့ရင်းနီးကျွမ်းဝင်ခြင်းမရှိဘူးလို့အဓိပ္ပာယ်ရတဲ့အတွက် ဘယ်လိုကိစ္စမျိုးမှရှိလာမှာမဟုတ်တော့ဘူးလေ။
လုယွင်ချန်းက ရှိုးပွဲမှာပါဝင်ရဦးမှာဖြစ်တဲ့အတွက် ရှန်ယန်းမြို့တော်ကိုပြန်သွားတဲ့အချိန်မှာ သူလည်းပွဲထဲကိုပြန်သွားခဲ့တယ်။
ကားပေါ်မှာ တခြားလူမရှိတော့တဲ့အချိန်ကျမှ ကျိုးရိုက ရှန်းလုစာအုပ်ကိုကြည့်ပြီးနောက် ရှန်ယန်းကိုကြည့်ကာပြောလိုက်တယ်။
" ငါတို့တွေမင်းနဲ့အတူစားလို့မရတော့ဘူး မင်းပိုပြီးအလေးအနက်လုပ်မှဖြစ်တော့မှာ"
ရှန်ယန်း:"....."
ရှန်းလုနိုဗယ်ရဲ့စာလုံးရေ ဘယ်လောက်များများကို ဘယ်လောက်ထိအချိန်ယူပြီးတော့ တိတ်တိတ်လေးရေးထားတာလဲ။ရှန်ယန်း ရှန်းလုစာအုပ်ကိုသယ်ပြီး အိမ်ကိုပြန်လာပြီးနောက် ဒီတစ်ညလုံး လေ့လာဖတ်ရှုဖို့အစီအစဉ်ချထားလိုက်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引