Zawgyi
ရှန်ယန်းနဲ့ ကျန်းရုံတို့က မြင်ကွင်းတစ်ခုလုံးကို အပိုင်စီးရထားခဲ့တယ်။
ရှန်ယန်းက ငါးဖမ်းနည်းကိုလည်းမသိလေဘူး။ ဒီတော့ ကျန်းရုံကပဲ မြစ်ထဲကိုဆင်းပြီး ငါးဖမ်းခဲ့ရတယ်။ ပြီးနောက်မှာတော့ သူတို့နှစ်ယောက် ချက်ပြုတ်ရမယ့်နေရာကို ပျော်ပျော်ရွှင်ရွှင်ပြန်လာကြတယ်။ထိုအချိန်ကျ တခြားပြိုင်ပွဲဝင်တွေလည်း အလျှင်အမြန်ပြီးချင်ဇောနဲ့ ထင်းတွေကိုခုတ်ပိုင်းကြတော့တယ်။ ဒီအချိန်မှာတော့ ရှန်ယန်းနဲ့ကျန်းရုံတို့က ချက်ပြုတ်တဲ့မြင်ကွင်းကိုအပိုင်ရသွားပြန်တယ်။
အင်တာနက်ပေါ်မှတော့ ဟားဟားဟားဟားဆိုတဲ့ရယ်မောသံတွေပြည့်နှက်နေပြီ။ သူတို့တွေရဲ့စတင်ချိန်တွေကိုညွန်ပြရင်းနဲ့ပေါ့။
ကျန်းရုံက ငါးကိုင်နေရင်းနဲ့ပြောလာတယ်။
"ကျွန်မစဉ်းစားပြီးသွားပြီ ပြိုင်ပွဲကနေနှုတ်ထွက်လိုက်တော့မယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အစ်မကို voteနဲ့အနိုင်ရနိုင်မှာမဟုတ်ဘူးလေ "
မပြောနဲ့နော်။ အခုက တိုက်ရိုက်ထုတ်လွှင်ပြသနေတာ။ သူမကို သူ့(ရှန်ယန်း)ရဲ့ပြောရဲဆိုခွင့်ရှိသူအဖြစ်ခန့်အပ်မယ်ဆိုတဲ့စကားပြောလို့မရဘူး။
(T/n _ well..ဒီနေရာကသိပ်ပြီးမသေချာပါဘူး )ကျန်းရုံ ကိုယ့်ဘာသာကိုယ်နှုတ်ထွက်လိုက်တာက vote ကြောင့် ရှုံးနိမ့်ရတာထက်တော့ကောင်းသေးတယ်လေ။ အနည်းဆုံးတော့ သူ့ကိုသူအဖတ်ဆယ်နိုင်သေးတာပေါ့။ ကျန်းရုံရှုံးနိမ့်သွားတယ်ဆိုတာနဲ့ ကျန်းရုံနှုတ်ထွက်သွားတယ် ဆိုတဲ့နှစ်ခုက တူညီတဲ့အဆင့်မျိုးမဟုတ်ဘူးလေ။
ရှန်ယန်း ခဏလောက်စဉ်းစားပြီး ပြန်မေးလိုက်တယ်။
"နင်အနိုင်ရခဲ့မယ်ဆိုရင်ရော"
ကျန်းရုံ: " အစ်မ ကျွန်မအတွက်ပြောပေးမယ်လို့ထင်တယ်"
ရှန်ယန်း:"..."
ရှန်ယန်းကို မုန်းတီးနေတဲ့လူတွေအနည်းငယ်ရှိနေပေမယ့်လည်း သူမကိုထောက်ပံ့ပေးတဲ့သူက ပိုပြီးများပြားတယ်လေ။ အခုချိန်မှာ ရှန်ယန်းဆီမှာတရားဝင်ဖန်တွေ တစ်မီလီယံတောင်ရှိနေပြီ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引