Chapter (3)

10.3K 1.3K 24
                                    

Zawgyi

Chapter 3 – After her rebirth, Shen Yan doesn’t want to be wronged (2)

He Han  အပြင်ဘက်မှာခနလောက် စောင့်ကြည့်အကဲခတ်ပြီးမှ အထဲကိုဝင်ပြီး သူမရဲ့အလှည့်ကိုရောက်ဖို့ စောင့်နေလိုက်တယ်။ Shen Yan တစ်ယောက် audition ခန်းထဲကိုဝင်သွားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ သူမရဲ့အံသွားတွေကို တင်းတင်းဖိကြိတ်ထားမိတယ်။

သူတို့က အဆင့်နိမ့်တဲ့ဇာတ်ကောင်တစ်ချို့ကိုသာ audition လုပ်မှာဖြစ်တဲ့အတွက် လက်ထောက်ဒါရိုက်တာကပဲ ရွေးချယ်ပြီး ဆုံးဖြတ်ချက်ချလိမ့်မယ်။

Shen Yan သူ့ကိုယ်သူမိတ်ဆက်ပြီးတဲ့နောက် လက်ထောက်ဒါရိုက်တာရဲ့ စကားတွေကို အာရုံစိုက်ပြီးနားထောင်လိုက်တယ်။

"မင်းရဲ့ပုံစံက ဒီဇာတ်ကောင်နဲ့ လိုက်ဖက်သားပဲ အဲဒီ scene ကိုသရုပ်ဆောင်ကြည့်လိုက် "

လက်ထောက်ဒါရိုက်တာရဲ့ စကားဆုံးတာနဲ့ staff တစ်ယောက်က Shen Yan ကို ဇာတ်ညွှန်းစာရွက်တစ်ခုလှမ်းပေးလာတယ်။ Shen Yan က လက်ထောက်ဒါရိုက်တာဆီမှအကြည့်လွှဲလိုက်ပြီး ဇာတ်ညွှန်းကိုဖတ်ကြည့်လိုက်တယ်။ Shen Yan ဟာ "Chen Fei " ဆိုတဲ့ဒရမ်မာကိုကြည့်ပြီးသားဖြစ်ပေမယ့် ဒီဇာတ်ကောင်ကိုတော့ မသိလေဘူး ။

သူမမှာ အဲဒီအကြောင်းကိုကြာကြာတွေးတောနေဖို့အချိန်မရှိတာကြောင့် ShenYan ဇာတ်ညွှန်းကို ခပ်မြန်မြန်လေးဖတ်လိုက်တယ် ။

ဒါရိုက်တာက သူမကို audition အတွက်မေးမြန်းခဲ့တယ်။ ဒီကာရိုက်တာက မောင်းမဆောင်အတွင်းမှာ နေရာခိုင်ခိုင်မာမာရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းပဲ။
အမျိုးသားဇာတ်လိုက်ဟာ အမျိုးသမီးဇာတ်လိုက်နန်းတော်ထဲသို့ ဝင်ရောက်လာတဲ့အချိန်ကတည်းက ချစ်မြတ်နိုးခဲ့တာဖြစ်တယ်။ သူမမှာ သန့်ရှင်းစင်ကြယ်တဲ့အရောင်အဝါတွေရှိနေခဲ့ပြီး ကြည့်ကောင်းတဲ့အသွင်အပြင်ရှိတဲ့အတွက် အင်ပါယာက သူမကို ပိုပိုပြီးသဘောကျလာခဲ့တယ်။ ဒါကြောင့် သူမက နန်းတော်ထဲကိုဝင်ရောက်ပြီးလို့မကြာခင်မှာပဲ သူမရဲ့အဆင့်အတန်းက မြန်မြန်ဆန်ဆန်နဲ့ တည်ငြိမ်လာတယ်။

နံပါတ်တစ်အမျိုးသမီးအရံဇာတ်ကောင်က အရမ်းကိုသဝန်တိုတတ်တဲ့သူ ဖြစ်တာကြောင့် အင်ပါယာက သူမကိုသွားတွေ့တဲ့အချိန်တွေက တော်တော်လေးနည်းပါးတယ်။ ဒါပေမယ့် ထိုသူက သူမကိုလျော်ကြေးပေးတဲ့အနေနဲ့ သူမရဲ့အဆင့်အတန်းကို ပိုမိုတိုးမြှင့်ပေးထားခဲ့တယ်။ အဆုံးမှာတော့ အဲဒီကာရိုက်တာလေးက နန်းတော်ထဲမှာ တခြားသောကိုယ်လုပ်တော်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်စရာမလိုပဲ နေနိုင်ခဲ့တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now