chapter (97)

1.2K 105 0
                                    

(97)🍀

ကောင်မလေးရဲ့ အဝတ်တွေက ရေလျှော်ထားများခဲ့ပြီဖြစ်တာကြောင့် ဟောင်းနွမ်းနေပြီဖြစ်ကာ ကျစ်ဆံမြီးနှစ်ဖက်ကိုလည်း အနည်းငယ် ရှုပ်ပွနေအောင် စည်းနှောင်ထားတယ်။ ရှန်ယန်း သူမဆီကိုသွားကာ မေးကြည့်လိုက်တယ်။

ရှန်ယန်း:" ကလေးလေး မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"

ကောင်မလေးက ဂေဟာမှူးကိုလှမ်းကြည့်ကာ တိုးတိုးလေးဖြေလာတယ်။
“လုလု”

ပြီးနောက် သူမကစကပ်လေးကို တင်းတင်းကြပ်ကြပ် "သမီး  အရုပ်မလိုချင်ဘူး.. မုန့်ပဲစားချင်တယ်"

သရေစာမှုများအကြောင်းပြောသောအခါ လုလုက ကျဆင်းလာတဲ့ သွားရည်တွေကို သူမရဲ့ဖြူလျော်လျော်လက်လေးနဲ့သုတ်လိုက်တယ်။

"အာလူးကြော်စားချင်တယ်"

ရှန်ယန်း လုလုကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ပြီး

"လုလုက ဒီရှိုးကို ကျွန်မတို့နဲ့အတူ ပါဝင်ရိုက်ကူးလိမ့်မယ်"

လုလုက သွားရည်ကို ထပ်သုတ်လိုက်ပြီး သူမရဲ့မျက်လုံးတွေက နီရဲလာခဲ့တယ်။

"သမီး ရိုက်ကူးရေးမလုပ်ချင်ဘူး .. ရိုက်ကူးရေးလုပ်ရင်  အာလူးကြော်မစားရဘူး"

ရှန်ယန်း တခစ်ခစ်ရယ်မောလိုက်တယ်။
"ရိုက်ကူးနေတုန်းကိုလည်း အာလူးကြော်တွေ စားခိုင်းမယ်လေ"

အာလူးကြော်စားလို့ရတယ်လို့ကြားတော့ လုလုက သွားရည်တွေကို ထပ်သုတ်လိုက်ရပြန်တယ်။

လုလုက မိဘမဲ့ဂေဟာမှ ကလေးတစ်ယောက်ဖြစ်တာကြောင့် ရှန်ယန်း စကားပြောရင်းနဲ့ အနည်းငယ် စိတ်ပူသွားတယ်။ သူမသာ နာမည်ကြီးလာမယ်ဆိုရင် အလုပ်လုပ်ရင်း မိဘမဲ့ဂေဟာအတွက် အကူအညီဖြစ်စေလိမ့်မယ်။  ဒါပေမဲ့ သူမက အလုပ်ဆက်လုပ်ချင်ပါ့မလား။ ရှန်ယန်း စဉ်းစားရင်းနဲ့ လုယွင်ချန်းဆီကို လှမ်းကြည့်မိတယ်။

လုယွင်ချန်း:"ကိုယ် သူမကို မွေးစားဖို့ လုမိသားစုကို ပြောထားတယ်.. အခုလေးတင်ပဲ ပြောပြီးသွားတာ"

ရှန်ယန်းက လုလုနဲ့ ရင်းနှီးချင်တာကြောင့် သူမကိုပွေ့ချီထားခဲ့ပြီး သူမဝယ်လာတဲ့ ပြိုင်ကားအသေးလေးကို ပြခဲ့ပေမဲ့ လုလုကတော့ ထိုကားလေးကို သဘောကျတဲ့ပုံမပေါ်ဘူး။ သူမက ရှန်ယန်းစားလို့ကျန်နေသေးတဲ့ မနက်စာကိုပဲစိုက်ကြည့်နေခဲ့တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now