Chapter (78)

3K 422 11
                                    

Unicode

Sweet ချောကလက်ရဲ့ပရိုမိုးရှင်းပွဲက တစ်နာရီကျော်လောက် ကြာမြင့်ခဲ့တယ်။ ပရိုမိုးရှင်းပွဲပြီးဆုံးသွားချိန်မှာတော့ ရှန်ယန်းက လုယွင်ချန်းတို့နဲ့လိုက်ပါပြီး ဖျော်ဖြေပွဲထဲမှ ထွက်ခွာခဲ့တယ်။ သူတို့တွေ လုယွင်ချန်းရဲ့နာနီကားထဲကိုဝင်ပြီးမှ ရှန်ယန်းတစ်ယောက် တစ်စုံတစ်ခုကိုသတိရသွားလေတယ်။သူ ကျိုးရိုကိုပြောဖို့ မေ့နေခဲ့တာပဲ။ ထိုအခါမှသာ ရှန်ယန်း ကပြာကယာနဲ့ ကျိုးရိုကိုလှမ်းခေါ်လိုက်ရတယ်။

ကျိုးရို: "ငါသိတယ် လုယွင်ချန်းက ငါအတွက် ပထမတန်းလက်မှတ်တစ်စောင်ပေးပြီး ငါ့ကို ဖျော်ဖြေပွဲနေရာကိုတိုက်ရိုက်သွားလိုက်ဖို့ လာပြောထားတယ် "

ထိုစကားကိုကြားတော့ ရှန်ယန်း လုယွင်ချန်းဘက်ကိုစောင်းငဲ့ကြည့်လိုက်ပြီး မှ ပြန်ပြောလိုက်တယ်။

"ကောင်းပြီ"

မမျှော်လင့်စွာနဲ့ လုယွင်ချန်းက ဒီကိစ္စအပေါ် တော်တော်လေး အာရုံစိုက်နေခဲ့တာပဲ။ ကျိုးရိုက သူတို့နဲ့အတူ အစမ်းလေ့ကျင့်မှုကိုလိုက်လာခြင်းထက်စာရင် ဖျော်ဖြေပွဲကိုအရင် သွားလိုက်တာက ပိုကောင်းတယ်လေ။ နောက်ပြီး ဒါကလုယွင်ချန်းရဲ့ဖျော်ဖြေပွဲဖြစ်တဲ့အတွက် ရှန်ယန်းသာ တစ်ခုခုလိုအပ်မယ်ဆိုရင် လုယွင်ချန်းရဲ့အေးဂျင့်ကို တိုက်ရိုက်ပြောလိုက်လို့ရတယ်။ ဒီတော့ သူမအနေနဲ့ ကျိုးရိုကို အနှောင့်အယှက်ပေးစရာ မလိုအပ်တော့ဘူး။

ကားက ဖျော်ဖြေရေးကွင်းဆီမှာ ရပ်တန့်သွားပြီး လုယွင်ချန်းရဲ့မန်နေဂျာ ဖြစ်သူက ကားပေါ်မှဆင်းပြီး တံခါးကိုဖွင့်ပေးလာတာကြောင့် ရှန်ယန်း လုယွင်ချန်းနှင့်အတူ ကားထဲက ထွက်လိုက်တယ်။

ဖျော်ဖြေပွဲစဖို့ရန် အချိန်အများကြီးလိုနေသေးပေမယ့် ပရိသတ်အများအပြားကရောက်ရှိနေခဲ့ပြီ။ သူတို့တွေက လုယွင်ချန်းကိုမြင်တဲ့အချိန် အော်ဟစ်ဆူညံနေကြပေမယ့် ရှန်ယန်းပါ ကားပေါ်ကဆင်းလာတာကို မြင်တွေ့လိုက်ရချိန်မှာတော့ အံ့သြထိတ်လန့်စွာနဲ့ တိတ်ဆိတ်ငြိမ်သက်သွားလေတယ်။ ခဏအကြာမှာတော့ တစ်စုံတစ်ယောက်ကအစချီလာပြီး သူတို့အိုင်ဒေါရဲ့လက်မှတ်ကိုရရှိဖို့ ပြေးဝင်လာကြတော့တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now