Chapter (10)

9.3K 1.1K 19
                                    

Zawgyi

Chapter 10 - ရှင် အဲဒါကိုအဝေးကိုလွှင့်ပစ်လိုက်လို့ရတယ် (1)

Shen Yan က ခါးကိုကိုင်းညွတ်လိုက်ပြီး မြေပြင်ပေါ်မှာရှိနေတဲ့ဆွဲကြိုးကိုကောက်ယူလိုက်ကာ ခပ်တိုးတိုးပြောလိုက်တယ် ။

"ရှင် ဒါကို အဝေးကိုလွှင့်ပစ်လိုက်လို့ရတယ်လေ "

အဲဒီနောက် သူမက ဆွဲကြိုးကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ပြီး အမှိုက်ပုံးထံသို့လွှင့်ပစ်လိုက်တယ်။

လေးညှင်းလေးတစ်ခုက Shen Yan ရဲ့မင်ရောင်သန်းတဲ့ဆံနွယ်တစ်လျောက်ဖြတ်သန်းကာ သူမရဲ့ဂါဝန်အနားစကို လှုပ်ခတ်သွားစေတယ် ။ အဲဒီနောက် သူမရဲ့ဆံပင်အနည်းငယ်က Meng Yi' anရဲ့ရှပ်အင်္ကျီကော်လံပေါ်ကိုသွားပြီးတင်နေခဲ့ကာ သူ့ရဲ့အဝတ်နဲ့ရှုတ်ထွေးသွားခဲ့တယ်။

Shen Yan ကထပ်ပြောလိုက်တယ် " နောက်ပြီး ကျွန်မရဲ့ခံစားချက်တွေကဈေးပေါတယ် ကျွန်မရှင့်ကိုပေးခဲ့တာတွေအကုန်လုံးကလည်း အတုတွေချည်းပဲ "

Shen Yan ရဲ့စကားပြောတဲ့လေသံက ဘာခံစားချက်မှပါဝင်မနေဘူး ။ သူမကတခြားတစ်ယောက်ရဲ့အကြောင်းကိုပြောနေသလိုမျိုးပဲ ။ Meng Yi' an က Shen Yanကို စကားလုံးတွေနဲ့ထိုးနှက်ချင်တဲ့အတွက် Shen Yanရဲ့ခံစားချက်တွေက ဈေးပေါတယ်လို့ပြောခဲ့ပေမယ့် Shen Yan ကတော့ဘယ်လိုအမူအယာကိုမှပြသမနေခဲ့ဘူး ။

Meng Yi'an ရဲ့မျက်လုံးတွေကအေးစက်သွားရပြီး Shen Yanသူ့ကိုဖြတ်ကျော်သွားတာကိုကြည့်နေခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ပုခုံးစွန်းတွေက တိုက်မိသွားပေမယ့်လည်း Shen Yan ရဲ့ခြေလှမ်းတွေကတော့ရပ်တန့်သွားခြင်းမရှိဘူး။

Meng Yi'an က Shen Yanရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်ပြီး မျက်လုံးအစုံကိုမှေးကျဉ်းကာပြောလိုက်တယ်
"ဒါကနောက်ထပ်လှည့်စားမှုအသစ်လား"

Shen Yan သူမရဲ့လက်ကို Meng Yi'anထံမှရုန်းထွက်လိုက်တယ်။ အဲဒီနောက် သူမရဲ့လက်ကိုဖိပွတ်လိုက်ရင်း ပြန်ပြောလိုက်တယ်
" ဥက္ကဌ Meng.. Meng မိသားစုရဲ့အနာဂတ်ခေါင်းဆောင်ကြီး ကျွန်မက အဆင့်18ပဲရှိတဲ့သရုပ်ဆောင်လေးတစ်ယောက်ပါ ကျွန်မကရှင့်ဆီကအသိအမှတ်ပြုခံရဖို့မထိုက်တန်ဘူးဆိုတာသိပါတယ် မတိုင်ခင်တုန်းက ကျွန်မကကိုယ့်ကိုကိုယ်အထင်ကြီးမိပြီး ရှင်နဲ့ပြန်လည်သင့်မြတ်ဖို့အလိုရှိခဲ့မိတာ "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now