Chapter (21)

8.4K 1K 17
                                    

Zawgyi

Li Junရဲ့စကားကိုပြန်မဖြေတော့ဘဲ Shen Yan က ရိုက်ကွင်းရဲ့အပြင်ဘက်ကိုဘဲ တည့်တည့်မတ်မတ်လျှောက်သွားခဲ့တယ်။

သူမက မြို့တော်ကိုပြန်သွားခဲ့တာဖြစ်တယ်။ သူမအနေနဲ့ Zhao Ruo နဲ့ဆက်သွယ်ဖို့လိုအပ်ပြီး လူရွေးပွဲနဲ့ လူရွေးပွဲမူကြမ်းတွေအကြောင်းပြောရလိမ့်မယ်။

လက်ထောက်ဒါရိုက်တာက ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ Li Junကိုပြောလာတယ်။

"ဒါရိုက်တာကြီး မြန်မြန်သွားပြီးတော့ Yuranဆီကရှယ်ယာတွေကိုပြန်ရောင်းလိုက်ပါလား အဲဒီပိုက်ဆံတွေနဲ့ ချန်လုပ်ငန်းစုကဟာကိုဝယ်လိုက် ဒါဆိုအမြတ်ငွေရမှာသေချာတယ် "

"ငါ Zhang heကိုယုံကြည်ခဲ့လို့ ဘာတွေဖြစ်သွားပြီလဲဆိုတာမမြင်ဘူးလား အခုမင်းက Shen Yanကိုယုံစေချင်သေးတယ်ပေါ့ မင်းရဲ့ရှယ်ယာတွေကိုသာ ရက်အနည်းငယ်အတွင်း Yuranလိုဖြစ်မသွားခင်မြန်မြန်လေးသွားရောင်းလိုက်စမ်းပါ ! "

သူတို့နဲ့ သိပ်ပြီးဝေးဝေးကိုမရောက်သေးတဲ့ Shen Yan ကတော့ သူမရဲ့ခေါင်းကိုနောက်ပြန်မလှည့်ခဲ့သလိုသွားနေတဲ့ခြေလှမ်းကိုလည်း ရပ်တန့်လိုက်ခြင်းမရှိဘူး ။

" အား..! ရှယ်ယာတွေ ရှယ်ယာဈေးကထပ်ပြီးကျသွားပြန်ပြီ မြန်မြန်ပြန်ရောင်းမှဖြစ်မယ် !"

ဘယ်သရုပ်ဆောင်အုပ်စုကအော်ဟစ်လိုက်တာလဲဆိုတာကိုတော့သူတို့မသိဘူး ။ ဒါပေမယ့်လူတိုင်းကကြောက်ရွ့သွားပြီးသူတို့ရဲ့ဖုန်းကိုလျှင်မြန်စွာဖွင့်ကြည့်ကြတယ်။ ထိုသူတွေကအနည်းငယ်လောက်သာဆုံးရှုံးရမှာဆိုပေမယ့် သူတို့ကတော့အများကြီးဆုံးရှုံးရမှာလေ ။ ဘယ်အရာက ရှယ်ယာတွေကိုပြန်ရောင်းဖို့ထက်အရေးကြီးနေဦးမှာလဲ ။

ထိုအချိန်မှာတော့ He Han အတွက် အမြန်ထရပ်ပြီးထွက်ပြေးဖို့အခွင့်အရေးရလိုက်ပေမယ့်လည်း သူမရဲ့ဂါဝန်က တော်တော်လေးရှည်လျားနေတာကြောင့် နောက်တစ်ကြိမ်မြေကြဖိးပေါ်သို့ ထပ်ပြီးလဲကျသွားပြန်တယ်။ 

သူမက နောက်တစ်ကြိမ်ထပြီးပြေးတဲ့အချိန်မှာတော့ ဂါဝန်ရှည်ကို လက်နဲ့ကိုင်မထားဖို့မမေ့တော့ဘူး ။ သူမ Shen Yanအနားမှဖြတ်ကျော်လာချိန်မှာတော့ ထပ်မံပြီးလှောင်ပြောင်ရဲတဲ့သတ္တိမရှိတော့ဘူး။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now