Chapter (32)

6.5K 943 27
                                    

Zawgyi

ရှန်ယန်းကခဏလောက်ရပ်လိုက်ပြီး ဆက်ပြောလိုက်တယ် ။

" ဒါကိုပြန်လဲဖို့ ရှင့်အတွက်ဘယ်အချိန်လောက်အဆင်ပြေမလဲ ဒါမှမဟုတ် ရှင့်လိပ်စာပေးမလား ကျွန်မပို့ပေးလိုက်မယ်လေ "

ဖုန်းရဲ့အခြားတစ်ဖက်ကလူကချောင်းဟန့်လိုက်ကာ...သူရဲ့အေးစက်ပြီးနှာခေါင်းသံပေါက်နေတဲ့အသံနဲ့ စကားလုံးတွေကိုယတိပြတ်ခပ်ဆတ်ဆတ်ပြောလိုက်တယ်။

" လိပ်စာက..."

လိပ်စာပြောပြီးနောက် ရှန်ယန်းက အဝတ်အစားအိတ်ကိုအောက်ထပ်ရှိလုံခြုံရေးရုံးခန်းသို့ တိုက်ရိုက်ဆင်းသွားပြီး စောင့်နေလိုက်တယ် ။ စောင့်နေစဉ်အတွင်းမှာပဲသူမရဲ့ အနာဂတ်အကြောင်းကို စဉ်းစားနေမိတယ် ။

ရှန်ယန်းနာရီဝက်ကျော်လောက်စောင့်ဆိုင်းပြီးချိန်မှာတော့ အနက်ရောင် Nanny ကားတစ်စီးက ရပ်ကွက်အတွင်းကို ဝင်ရောက်လာတာကိုမြင်လိုက်ရတယ် ။

ရွှေရောင်မျက်မှန်တပ်ဆင်ထားသောလူလတ်ပိုင်းအမျိုးသားတစ်ယောက်ကားပေါ်မှဆင်းလာပြီ ရှန်ယန်းကိုတွေ့သည်နှင့် အနည်းငယ်အံ့သြသင့်သွားသည် ။သူတို့နှစ်ဦး အဝတ်စားသေတ္တာကိုမလဲလှယ်ခင် ထိုသူက ရှန်ယန်အားအမှတ်တရလက်မှတ်ထိုးပေးခဲ့သည် ။

" ကျေးဇူးပါ "

ရှန်ယန်မသိစိတ်ကအလိုအလျောက် ထိုစာရွက်အားလွှတ်ချလိုက်မိတာကြောင့် ထိုစာရွက်သည် မြေပြင်ပေါ်သို့တဖြည်းဖြည်းကျသွားခဲ့သည် ။

လုယွင်ချန်း ရဲ့ စာလုံးတွေက နွေးထွေး ပြီး ညက်ညောပြေပြစ်ချော့မွေလေတယ် ။ စုတ်ချက်တိုင်းဟာ ပြတ်သားထင်ရှားမှု့မရှိပေမဲ့ ခမ်းနားထည်ဝါမှု့အရှိန်အဟုန်တွေရှိနေသလိုပင် ။

ဆန့်ကျင့်ဘက်မှာရှိနေတဲ့ယောကျာ်းကတော့ ရှန်ယန်း ရဲ့အမူအရာကဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ သိသိသာသာမမျှော်လင့်ထားတဲ့ပုံ ။ ရှန်ယန်း စိတ်လှုပ်ရှားသွားတာနေမယ်လို့ သူတွေးလိုက်တယ် ။

ရှန်ယန်း ကိုကူညီပေးဖို့ သူကလက်မှတ်ထိုးစာရွက်ကိုအောက်ငုံ့ကောက်လိုက်ပြီး သူမကိုပြန်ပေးလိုက်တော့ သူမဆီကစကားတစ်ခွန်းကြားလိုက်ရတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now