Chapter (55)

7.8K 805 24
                                    

Zawgyi

ကျိုးရိုက ပရိတ်သတ်တွေရဲ့လက်ခုပ်သံတွေကြားထဲမှာ တုန်လှုပ်စွာအလျှင်အမြန်မတ်တတ်ရပ်ကာ လက်ခုပ်လိုက်တီးလိုက်တယ် ။

ရှန်ယန်းသရုပ်ဆောင်စွမ်းရည်က လုံလုံလောက်လောက်ကို ကောင်းမွန်လွန်းနေတယ် ။ ရှန်ယန်းရဲ့ဖန်တီးနိုင်စွမ်းကလည်း အလွန်ကောင်းမွန်ပြီး သူမကနောက်တစ်ဆင့်တက်လာနိုင်ခဲ့ပြီ !

လက်ခုပ်သံများရပ်တန့်သွားပြီးတဲ့နောက်မှာတော့ လုယွင်ချန်းက မိုက်ခရိုဖုန်းကိုကိုင်ကာပြောလာခဲ့တယ် ။

" ရှန်ယန်းသာနောက်တစ်ဆင့်မတက်နိုင်ဘူးဆိုရင် ငါကတော့ ငါ့ရဲ့အဓိကဇာတ်လိုက်နေရာကို သူ့အတွက်ပေးလိုက်မိတော့မှာပဲ"

လုယွင်ချန်းကထိုသို့ပြောပြီးတဲ့နောက်မှာတော့ ဒိုင်လူကြီးတွေကလည်း သဘောတူလက်ခံလာကြတယ် ။

ရှန်ယန်းကနောက်တစ်ဆင့်တက်သင့်တယ်လို့ လူတိုင်းကဆုံးဖြတ်ပြီးသွားတာကြောင့် ဒါရိုက်တာကလည်း ဘာမှပြောလာခြင်းမရှိတော့ဘူး။

လုယွင်ချန်းရဲ့စကားတွေကို တခြားသူတွေဝင်ရောက်စွက်ဖက်နိုင်ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက်ဆုံးမှာတော့ လုယွင်ချန်းက ရှန်ယန်းသာ နောက်တစ်ဆင့်မတက်ဘူးဆိုရင် သူရဲ့အဓိကဇာတ်လိုက်နေရာကိုတောင် သူမကိုပေးမယ်လို့ပြောလာခဲ့တယ်လေ ။ လုယွင်ချန်းကထိုသို့စကားမျိုးကိုတောင် ပြောလာပြီဆိုမှတော့ သူတို့ကဘာများပြောနိုင်ဦးမှာလဲ ။ သူတို့ရဲ့အစီအစဉ် အောင်မြင်လာခဲ့တာကလည်း လုယွင်ချန်းရဲ့နာမည်ကြီးမှုအပေါ်မှာမှီခိုနေရသလိုဖြစ်နေခဲ့တာလေ။

နောက်ပြီး ရှန်ယန်းကလည်း ကောင်းမွန်စွာသရုပ်ဆောင်နိုင်ပြီး သူမရဲ့အရည်အချင်းက နောက်တစ်ဆင့်တက်ဖို့လုံလောက်တယ်လို့ သူတို့လည်းသဘောတူခဲ့တယ်။

ဒါရိုက်တာကလည်း ရှန်းလုဇာတ်လမ်းမှာ ရှန်ယန်းနှင့် သင့်တော်လောက်တဲ့ဇာတ်ကောင်နေရာအကြောင်းကို တွေးနေခဲ့တယ် ။ သူမကဇာတ်လိုက်မနေရာအတွက်အတော်လေးသင့်တော်တယ်ဆိုပေမဲ့လည်း အခုလူရွေးပွဲရဲ့ပုံစံက လူရွေးပွဲမှာအနိုင်ရသူတိုင်း အဓိကဇာတ်လိုက်မနေရာရမှာဖြစ်ပြီး ရှန်ယန်းအနေနဲ့ အနိုင်ရနိုင်လောက်မလားဆိုတာကိုတော့ သူလည်းမသိနိုင်ဘူးလေ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now