Zawgyi
သူတို့နောက်ဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့တဲ့အချိန်က ရှန်ယန်းအား သူမရဲ့ရည်းစားဟောင်းအကြောင်းကို သတင်းထောက်မှမေးခွန်းထုတ်ခဲ့စဉ်ကဖြစ်တယ် ။
မုရီအန်းထံမှတုံ့ပြန်မှုကိုမရရှိတာကြောင့် သူမပြောခဲ့တဲ့အတိုင်း သူတို့ တစ်ယောက်နှင့်တစ်ယောက်သတိထားနေဖို့မလိုအပ်တော့ကြောင်း ၊ တစ်ဦးနှင့်တစ်ဦးသူစိမ်းတွေလိုပဲဆက်ဆံတော့မှာဖြစ်ကြောင်းကို ထိုသူကသဘောတူလိုက်ပြီလို့ ရှန်ယန်းတွေးတောလိုက်တယ်။
ထိုသို့တွေးပြီးချိန်မှာတော့ ရှန်ယန်းရဲ့ခြေလှမ်းတွေက နှေးကျသွားပြီး သူမရဲ့ပုံစံက လှည့်ပတ်ကြည့်ရတာကိုအရမ်းကိုမှသဘောကျနေတဲ့ပုံဖြစ်သွားတယ်။
သူမတစ်စုံတစ်ခုကို ရုတ်တရက်တွေးတောမိချိန်မှာတော့ သူမရဲ့ခြေလှမ်းကိုရပ်တန့်လိုက်ပြီး မုရီအန်းထံသို့တည့်တည့်မတ်မတ်လျှောက်သွားလိုက်တယ်။
"ဥက္ကဌမု ကျွန်မတို့စကားခဏလောက်ပြောလို့ရမလား "
ရှန်ယန်း အပြုံးလေးနှင့်ပြောလိုက်တယ်။
"ရှင်တို့မိသားစုကအသည်းအသန်လိုက်ရှာနေတယ်ဆိုတဲ့ မုမိသားစုအမှတ်အသားပါတဲ့ပန်းချီကားကို ကျွန်မရှာတွေ့ထားတယ်"
လက်ထောက်ဝူကတော့ ရှန်ယန်းမှ မုမိသားစု နှစ်အတန်ကြာအောင်လိုက်ရှာနေတယ်ဆိုတဲ့ပန်းချီကားကိုတွေ့ထားတယ်လို့ဆိုလာတာကြောင့် အရမ်းကိုအံ့သြသင့်သွားခဲ့တယ်။ သူတို့တွေ နှစ်တွေအများကြီးအများကြီးလိုက်ရှာတာတောင်ရှာမတွေ့ခဲ့တဲ့ပန်းချီကားကြီးလေ!
မုရီအန်းရဲ့မျက်လုံးတွေကတော့ ရှန်ယန်းရဲ့လက်ထဲမှာကိုင်ထားတဲ့ပစ္စည်းထံသို့အကြည့်ရောက်သွားပြီး မေးလိုက်တယ်။
"မင်းလိုချင်တာက ဘာလဲ"
မုရီအန်းက ငတုံးတစ်ယောက်မဟုတ်ဘူးလေ ။ ဒီပန်းချီကားကအတုလည်းဖြစ်နိုင်တာပဲ ။ ရှန်ယန်းကဒီပန်းချီကားကိုဘယ်လိုရှာတွေ့ခဲ့တာလဲ ။
ဒါပေမယ့် လက်ထောက်ဝူကတော့ သူ့ရဲ့မှတ်ချက်တွေကိုခေါင်းထဲမှာပဲထားပြီး ပါးစပ်မဟမိစေဖို့ကြိုးစားလိုက်တယ်။ သူ့အနေနဲ့ မုရီအန်းရဲ့တကယ့်အတွေးထဲမှာ ရှန်ယန်းကို ဘယ်လိုမျိုးစဉ်းစားနေလဲဆိုတာသူမသိနိုင်ဘူးလေ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引