90

1.7K 158 12
                                    

Unicode

ရှန်ယန်းရဲ့ လက်ရှိနေထိုင်တဲ့တိုက်ခန်းက သူမရဲ့လက်ရှိနာမည်ကျော်ကြားမှုကြောင့် အင်တာတိန်းမန့်ထံမှ ငှားရမ်းပေးထားတာဖြစ်တယ်။ တကယ်လို့ သူမရဲ့ အောင်မြင်မှုသာမရှိတော့ဘူးဆိုရင် ကုမ္ပဏီက သူမကို ထွက်သွားခိုင်းလိမ့်မယ်။ ဒါက သိပ်မကောင်းပေမဲ့ ရွှေ့ကြတာပေါ့ ။ သူမလည်း တိုက်ခန်းပြောင်းချင်နေတာပဲလေ။

ရှန်ယန်း တွေးတောစဥ်းစားရင်း အိမ်ကိုပြန်လိုက်ပြီး သူမရဲ့ပစ္စည်းတွေကို စတင်ထုပ်ပိုးတော့တယ်။ သူမ အိတ်တွေအများအပြားဝယ်ယူခဲ့ပြီး  အဝတ်အစားတွေ၊ ပစ္စည်းတွေအားလုံးကို ထည့်သွင်းထုတ်ပိုးလိုက်ကာ ပြီးစီးသွားချိန်မှာတော့ အိမ်ရှာဖို့အတွက် ထွက်လာခဲ့တယ်။ သူမမှာ ပိုက်ဆံအများကြီးမရှိလို့ စျေးကြီးတဲ့အိမ်ကိုတော့ ငှားရမ်းနိုင်မှာမဟုတ်ဘူး။

ရှန်ယန်း အိမ်ရှာဖို့အတွက် အေဂျင်စီကို အရင်ဆက်သွယ်လိုက်တယ်။  သူမ အိပ်ခန်းတစ်ခန်းတည်းပါတဲ့ အိမ်အတော်များများကို လှည့်ပတ်ကြည့်ပြီးနောက်ဆုံးမှာတော့ မြို့လယ်နှင့်ဝေးကွာသောနေရာကို ရွေးချယ်ခဲ့ကာ နေရာကလည်း ကောင်းမွန်နေဆဲပဲ။ ထိုစျေးသက်သာတဲ့တိုက်ခန်းက ပြန်လည်ပြုပြင်ထားတာ မကြာသေးဘူး။ မူလတုန်းက ထိုတိုက်ခန်းမှာ အသစ်စက်စက် ဇနီးမောင်နှံနှစ်ယောက်ရဲ့တိုက်ခန်းဖြစ်ခဲ့ပေမဲ့ သူတို့တွေ ရာထူးတိုးကာ မြို့မှပြောင်းရွှေ့သွားခဲ့ပြီး ထိုမြို့မှာပဲ အရစ်ကျစနစ်ဖြင့် အိမ်တစ်လုံးဝယ်ခဲ့ကြတယ်။

ထိုစုံတွဲက ရှန်ယန်းကိုသိနေခဲ့ပြီး  လစဉ် ငှားရမ်းခ ကို (300)ကျော် လျှော့ပေးခဲ့ကြလေတယ်။

ပိုက်ဆံနဲ့ သော့ကိုလဲလှယ်ပြီးနောက် ရှန်ယန်း ချက်ချင်းပြန်သွားခဲ့တယ် ။ သူမအနေနဲ့ ယနေ့မှာပဲပြောင်းရွှေ့ဖို့ စီစဥ်ထားတယ်လေ။

ရှန်ယန်း ကျိုးရိုရဲ့ဒရိုက်ဘာကို ရွှေ့ပြောင်းဖို့အတွက်  နာနီကားကိုမောင်းပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့ သူမက ဒရိုက်ဘာကို ပေးဆံပေးလိုက်တုန်းပဲ။ ပစ္စည်းတွေ အောက်ထပ်သို့ ရွှေ့ပြောင်းခါနီးမှာပဲ ရှန်ယန်းထံသို့ ကျိုးရိုဖုန်းခေါ်လာတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now