Zawgyi
နောက်ထပ်တစ်နာရီကုန်ဆုံးသွားပြီ...
ရှန်ယန်းကတော့ ရှန်းလုနိုဗယ်ထဲကအကြောင်းအရာတွေကိုကြည့်နေတုန်းပဲ။
ရှန်းလု .. ဒီနိုဗယ်က ထာဝရရှင်သန်သူတွေရဲ့ကမ္ဘာကိုအခြေခံပြီးရေးသားထားတာပဲ။ ဇာတ်လမ်းထဲမှာပါဝင်တဲ့ လူငယ်လေးက သေးငယ်တဲ့တောင်ပေါ်ရွာလေးမှထွက်ခွာလာတဲ့အကြောင်းပဲဖြစ်တယ်။
ဒီနိုဗယ်က အမျိုးသားဇာတ်ဆောင်ကိုဦးစားပေးတဲ့ဇာတ်လမ်းမျိုးပဲ။ သေချာတာပေါ့။ အဲလိုမှမဟုတ်ဘူးဆိုရင် လုယွင်ချန်း ကဇာတ်လိုက်အနေနဲ့သရုပ်ဆောင်မှာမဟုတ်ဘူးလေ။
သူက ဒရမ်မာတွေထဲမှာအောင်မြင်ကျော်ကြားပြီးဖြစ်တာကြောင့် လူသိများရုံလောက်ရိုက်ကူးတဲ့ဇာတ်လမ်းတွေမှာ ဇာတ်လိုက်အဖြစ် ပါဝင်ရိုက်ကူးနေဖို့မလိုအပ်တော့ဘူး။
ဒါပေမယ့် ဒီနိုဗယ်ထဲမှာတော့ အမျိုးသမီးကာရိုက်တာတွေအများအပြားပါရှိတယ်။
ရှန်ယန်း နာမည်တွေကိုအကြမ်းဖြင်းကြည့်ပြီးနောက်မှာတော့ ဇာတ်လိုက်မ လုရှင်းယွဲ့ ရဲ့နေရာရာမှာရပ်တန့်လိုက်တယ်။
ပြားပန်းခတ်လှုပ်ရှားနေတဲ့ကော်ရစ်တာကိုပြန်ကြည့်ပြီးနောက် ရှန်ယန်း မျက်လုံးတွေကိုမှိတ်ဆို့လိုက်မိတယ်။ သူမရဲ့မျက်လုံးတွေကိုနောက်တစ်ကြိမ်ဖွင့်ဟလိုက်ချိန်မှာတော့ သူမရဲ့ပုံစံက တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်တဲ့ပုံစံဖြစ်နေခဲ့ပြီ။
သူမသာ သရုပ်ဆောင်ချင်သေးတယ်ဆိုရင် ဇာတ်လိုက်မရဲ့နေရာကိုရမှဖြစ်လိမ့်မယ်!
အစီအစဉ်က လူပေါင်း(307)အထိရောက်ရှိနေခဲ့ပြီဖြစ်ပြီး လူပေါင်းငါးဆယ်ခန့်သာ မိတ်ဆက်ဖို့ကျန်ရှိနေတော့တယ်။
ထုတ်လွှင့်မှုကိုစောင့်ကြည့်နေတဲ့ပရိတ်သတ်တွေကလည်း ပင်ပန်းနေကြပြီ။
[ ဆက်မကြည့်ချင်တော့ဘူး ယွင်ချန်းသာမရှိဘူးဆိုရင် ငါဒီ live ကိုကြည့်နေမှာမဟုတ်ဘူး]
[လူတွေကအများကြီးပဲ ငါ သူတို့ရဲ့နာမည်တွေကိုတောင်မမှတ်မိတော့ဘူး]
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引