Zawgyi
Chapter 9 – False statement (2)
ကားက He Han ဆီကိုရောက်တော့ သူမက ကားထဲကိုဝင်လာပြီးနောက်မှာ အစ်မ Zhou ကိုသူမယူလာခဲ့တဲ့ မုန့်ထုတ်တွေကိုပေးလိုက်တယ်။ မုန့်တွေက နူးညံ့ပြီးပါးလွှာတဲ့ပုံစံနဲ့ထုပ်ပိုးထားတာဖြစ်တယ်။ သူမက တခြားသောမုန့်တစ်ထုပ်ကို Shen Yan ဆီကိုပေးလိုက်ကာ တခြားတစ်ဖက်မှာ စကားမဆိုတော့ပဲဝင်ထိုင်လိုက်တယ်။ ကားက နည်းနည်းတော့ တိတ်ဆိတ်နေသလိုပဲ ။
သူတို့ရိုက်ကွင်းကိုရောက်ရှိလာတဲ့အချိန်မှာတော့ လက်ထောက်ဒါရိုက်တာ Shen Yan ဆီကိုအပြေးအလွှားရောက်လာပြီး Shen Yanအတွက်မနက်စာကိုထိုးပေးလိုက်တယ်။ သူက He Hanနဲ့ Zhou Ruo တို့ကိုတော့ ဂရုမစိုက်လေဘူး ။
Shen Yan: “လက်ထောက်ဒါရိုက်တာ "
လက်ထောက်ဒါရိုက်တာ : " ငါ မင်းကိုနေ့လည်စာပို့ပေးရတဲ့လူထပ်ဖြစ်မလား ဒါမှမဟုတ် လက်ထောက်ဒါရိုက်တာပဲဖြစ်လာမလားဆိုတာက မင်းအပေါ်မှာမူတည်နေပြီ "
လက်ထောက်ဒါရိုက်တာကို နှုတ်ဆက်ချင်နေတဲ့ He Han ဟာ အချိန်အနည်းငယ်လောက်ရပြီး လက်ထောက်ဒါရိုက်တာနဲ့စကားပြောချင်တဲ့အတွက် မတ်တပ်ရပ်စောင့်နေပေမယ့် လက်ထောက်ဒါရိုက်တာကတော့ ရိုးရှင်းစွာနဲ့ He Hanကိုလျစ်လျူရှုထားလေတယ်။
He Hanက ဒါကိုသည်းခံခဲ့တယ်။ သူမက အနာဂတ်မှာ အင်တာတိန်းမန့်ထဲမှာ ကျော်ကြားလာမယ့် အချိန်ကိုစောင့်ဖို့တွေးတောခဲ့တာဖြစ်တယ်။ ဒါရိုက်တာက သူမကိုသရုပ်ဆောင်အဖြစ်အလိုရှိတဲ့အချိန်မှာ သူတို့က သူမရဲ့အချိန်ဇယားနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ကြတယ်။
လူတိုင်းက ရိုက်ကွင်းကိုရောက်လာပြီးချိန်မှာတော့ လက်ထောက်ဒါရိုက်တာက Shen Yan ကိုဆွဲယူပြီး ဒါရိုက်တာဆီကိုပို့ပေးလိုက်တယ် ။ "ဒါရိုက်တာ Li ..ဒါက Shen Yanပါ ကြည့်လိုက်လေ ကိုယ်လုပ်တော် Lanရဲ့နေရာအတွက်အရမ်းကိုသင့်တော်တယ် ဟုတ်တယ်မလား ? "
ရိုက်ကွင်းက ရိုက်ကူးရေးလုပ်နေတုန်းပဲ ။ လက်ထောက်ဒါရိုက်တာရဲ့စကားကိုကြားတဲ့အခါ ဒါရိုက်တာ Liရဲ့ပုံကနည်းနည်းလောက်စိတ်မကြည်သလိုဖြစ်သွားတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေက Shen Yanကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ သူဟာမူးမေ့လစ်သွားမလိုတောင်ဖြစ်သွားရရှာတယ်။ သင့်တော်တာပေါ့ .. သင့်တော်တယ်လေ .. အရမ်းကြီးကိုသင့်တော်တာ !
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引