Chapter (89)

5.4K 350 28
                                    

Unicode

ရှန်ယန်း အိမ်ကိုပြန်ရောက်တော့ လုပ်စရာမရှိတော့တဲ့ အိမ်သန့်ရှင်းရေးကိုပဲ အားစိုက်လုပ်လိုက်ပြီးမှ အိပ်ယာဝင်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ဟဲရှီသည်လည်းသူမရဲ့အိမ်မှာရှိနေခဲ့တယ်။

ဟဲရှီ သူမရဲ့ဒူးတွေကို လက်နဲ့ပိုက်ထားရင်း ဆို့နင်စွာနဲ့ချောင်းဆိုးလိုက်တယ်။ သူမရဲ့အရင်ဘဝတုန်းက စိတ်ထိခိုက်စရာတွေဖြစ်ခဲ့ရပေမဲ့ အဝတ်အစားနဲ့ အစားအသောက်တွေကတော့ ပေါများခဲ့ပြီး လူတိုင်းရဲ့မနာလိုဖြစ်ခြင်းကိုခံခဲ့ရတယ်။ ဒါပေမဲ့ သူမပြန်လည်မွေးဖွားလာချိန်မှာတော့ သူမရဲ့နတ်ဘုရားက ရှန်ယန်းကို ကြိုက်နှစ်သက်နေခဲ့ပြီး မုရီအန်းကလည်း သူမ(ဟဲရှီ)ကို နည်းနည်းလေးတောင်စိတ်မဝင်စားလာတော့ဘူး။ ရှန်ယန်းနဲ့သာပိုပြီးနီးကပ်လာခဲ့တယ်။

သူမပိုပြီးတွေးလေလေ ပိုပြီးမှားယွင်းနေသလိုခံစားရလေပဲ။ သူမရဲ့ခင်ပွန်းသည်ကသာ သူမပြန်လည်မွေးဖွားလာပြီးချိန်မှာတောင် သူမကိုပိုပြီးကောင်းကောင်းဆက်ဆံပေးမယ်လို့ ခံစားနေရပြီ။ ဒီတော့ သူမ မုရီအန်းကိုဆက်သွယ်ဖို့အတွက် ထပ်ပြီးအစီအစဥ်မချတော့ဘူး။ သူမရဲ့ခင်ပွန်းသည် အိမ်ကိုပြန်လာမှာကိုပဲစောင့်နေတော့မယ်။ ဒီကြားထဲမှာ အလုပ်ကိုပဲအာရုံပြန်စိုက်တော့မယ်။

ရှန်ယန်းက ဘယ် TVစီးရီးတွေနဲ့ ရုပ်ရှင်တွေက အောင်မြင်လာနိုင်မလဲဆိုတာကိုသိတာကြောင့် အခုချိန်မှာ အနုပညာလောကထဲမှာအောင်မြင်လာတာပဲ။ သူမက ရှန်ယန်းထက်ပိုပြီးအောင်မြင်မှဖြစ်မယ်။

ခဏလောက်တွေးတောပြီးသွားတော့ ချန်ဟန်ဆီကိုဆက်သွယ်လိုက်တယ်။
"ကလေးတွေကိုစောင့်ရှောက်မယ် .. အဲဒီအစီအစဥ်မှာ ငါပါရမှဖြစ်မယ်!'

ချန်ဟန်:"ဒါပေမဲ့ နင်က အဆင့်၃၆မှာရောက်နေတဲ့အနုပညာရှင်လေ"

ဟဲရှီ: "နာမည်ဖောင်းပွလာအောင်လုပ်ရမယ် ငါတို့တွေ မနက်ဖန်ကစပြီး ငါ့ရဲ့နာမည်ကိုလူသိများအောင်စလုပ်ရမယ် .. ကလေးတွေကိုစောင့်ရှောက်မယ်ပရိုဂရမ်က ငါ့ကိုနာမည်ကြီးလာအောင်လုပ်ပေးမှာအသေအချာပဲ ငါတခြားအရင်းအမြစ်တွေကိုလက်ခံမှာမဟုတ်ဘူး"

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now