chapter (94)

1.6K 131 1
                                    

Unicode

ရှန်ယန်း ကျိုးရိုပြန်လာတာလို့ထင်တဲ့အတွက် ထလိုက်ပြီး တံခါးကိုဖွင့်ပေးလိုက်တယ်။ သို့ပေမဲ့ သူမ အပြင်ကိုလှမ်းကြည့်လိုက်တော့  တံခါးဝရှေ့မှာမတ်တပ်ရပ်နေတဲ့ မုရီအန်းကိုပဲတွေ့လိုက်ရတာကြောင့် ရှန်ယန်း တုံ့ဆိုင်းသွားရပြီးမှ တံခါးကိုဖွင့်ပေးလိုက်တယ်။

မုရီအန်းကတော့ သခင်ဆီမှ ပစားပေးမခံရတဲ့အစေခံတစ်ယောက်နဲ့တူနေပြီ။ သူ့မှာ ရှန်ယန်းအတွက် ပြောစရာတွေအများကြီးရှိနေပေမဲ့ ရှန်ယန်းကိုမြင်လိုက်ရချိန်မှာတော့ ဘယ်ကနေစပြောရမလဲဆိုတာမသိတော့ဘူး။

ရှန်ယန်း ပြုံးပြီးပြောလာတယ်။

"ဥက္ကဋ္ဌမု ကျွန်မလုပ်ခဲ့တာထဲမှာ ရှင့်ကို သဘောမကျစေတာတစ်ခုခုရှိနေလို့လား.. ကျွန်မ Weibo မှာ စာတင်ပေးဖို့လိုသေးလား"

မုရီအန်း စိတ်လှုပ်ရှားနေခဲ့တယ်။

"ကိုယ်  .. ကိုယ်ပြောချင်တာ အဲလိုမဟုတ်ဘူး"

ရှန်ယန်း ရုတ်​တရက်​ ​ပျော်​ရွှင်​စွာပြုံးလာတယ်။

"ဥက္ကဋ္ဌမု  ရှင့်ဆီမှာ မကျေနပ်​တာရှိရင်​ ကျွန်မဆီကိုပဲ တိုက်ရိုက်လာပြောပေးပါ..  တခြားသူ​တွေကို ထပ်ပြီး ဘာမှမလုပ်​တော့ဖို့ ​တောင်းပန်​ပါတယ်.. ဒီနေ့ကစပြီး ကျွန်မ သူတို့နှင့် ဝေးဝေးနေတော့မှာပါ.. ဘယ်ကိစ္စနဲ့မှ မဆက်သွယ်တော့ဘူး"

သူမက တစ်ခုခုကို တွေးပြီး ထပ်ပြောလိုက်ပြန်တယ်။

"မဟုတ်သေးဘူး..  ကျွန်မ သူတို့နဲ့ပဲဝေးနေသင့်တာမဟုတ်ဘူး..  လူတိုင်းနဲ့ ဝေးဝေးနေသင့်တာ.. ဒါမှ ရှင် ကျွန်မကို ထပ်ပြီးခြိမ်းခြောက်နိုင်မှာမဟုတ်တော့ဘူးလေ"

မုရီအန်းရဲ့ နှလုံးသားက တစ်စဆီဖြစ်အောင် ဆုတ်ဖြဲခံလိုက်ရတယ်။ သူ ဘာကိုမှ မပြောနိုင်တော့သလို တောင်းပန်စကားကိုလည်း ပြောမထွက်နိုင်တော့ဘူး။

သူ ရှန်ယန်းကို သူတို့တွေဘာကြောင့် လမ်းခွဲခဲ့ရတာလဲဆိုတဲ့အကြောင်းကိုလည်း မပြောရဲတော့ဘူး။ ရှန်ယန်းက သူဒီကိစ္စတွေကို အခုချိန်ကျမှ ပြန်လည်ပြင်ဆင်ချင်တယ်လို့ တွေးနေမှာကိုလည်း သူစိုးရိမ်မိတယ်။ တကယ်တမ်းမှာတော့ အဲလိုမျိုးမဟုတ်ဘူးလေ။  သူက ရှန်ယန်းကို အမြဲတမ်းသဘောကျနေခဲ့တာဖြစ်ပြီး သူမနှင့်ပဲ အစဥ်အမြဲ အတူနေချင်ခဲ့တာ။ သူမဆီမှ သူ့ရဲ့ပြန်လည်ပြင်ဆင်မှုတွေကိုမလိုအပ်တော့ကြောင်း သူ့ကိုပဲ အဝေးသို့ထွက်သွားပေးဖို့ ပြောလာမှာတွေကို ကြောက်ရွံ့မိတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now