Chapter(92)

1.6K 161 2
                                    

(92) 🍀

လီဆွေ့ယွီ အန်တီချင်ကိုကြည့်ကာ လက်တစ်ဖက်ဖြင့် ကျောက်စားပွဲကိုရိုက်ချလိုက်တယ်။

"ရီအန်း မင်း ဘာတွေပြောနေတာလဲ.. ရှန်ယန်းကို ငါက ဘယ်လိုလုပ် ဖိအားပေးရမှာလဲ..  မင်းနားကြားမှားနေတာများလား..  ငါမင်းကို ရှန်ယန်းနဲ့အတူရှိဖို့ သဘောတူခဲ့တယ်လေ.. ငါ.. ငါ မင်းကိုအရင်တစ်ခေါက်ကတောင် ဖြောင်းဖျပေးခဲ့သေးတယ်"

ထို့နောက် လီဆွေ့ယွီ ပြန်သွားဖို့ပြင်တယ်။

"ရပ်လိုက်"
မုရီအန်းတားမြစ်လိုက်တယ်။ သူ့ရဲ့အသံက အလွန်အမင်းနိမ့်ကျနေပြီး နှစ်တွေအများကြီးအသက်ရှင်လာခဲ့တဲ့ လီဆွေ့ယွီကိုတောင် ထိတ်လန့်သွားစေတယ်။

"ခင်ဗျား သူ့ကို ဖိအားပေးခဲ့တာပဲ.. သူ ကျွန်တော့်ကိုထားခဲ့ဖို့အတွက်ဖိအားပေးခဲ့တာ သူက ကျွန်တော့်ကိုထားခဲ့ချင်လို့မဟုတ်ဘူး"

မုရီအန်း ခက်ခက်ခဲခဲပြောလာခဲ့ပြီး သူ့ရဲ့ခြေလှမ်းတွေက လေးလံနေကာ အရှေ့ကိုတောင်ဆက်မလှမ်းလာနိုင်တော့တဲ့ပုံပဲ။

လီဆွေ့ယွီ ငြင်းခုံချင်နေသေးပေမဲ့ မုရီအန်းက ရှန်ယန်းနဲ့ လူသိရှင်ကြားစေ့စပ်လိုက်တာကို ပြန်တွေးမိတော့ သူမ ငြင်းဆန်ခဲ့မယ်ဆိုရင်တောင် သူမယုံလောက်တော့ဘူးဆိုတာကို တွေးလိုက်မိတယ်။ ဒါကြောင့် ရိုးရှင်းစွာပဲပြန်ဖြေလိုက်တယ်။

"ဟုတ်တယ်.. ငါ ရှန်ယန်းကို မင်းဆီထွက်သွားဖို့ပြောခဲ့တယ်"
သူမ ပြောလိုက်တယ်။

"ဒါပေမယ့် ငါက ဘယ်သူ့အတွက်လုပ်ခဲ့တာမို့လို့လဲ..မင်းအတွက်ပဲ လုပ်ခဲ့ရတာမဟုတ်ဘူးလား မုရီအန်း!"

မုဟိန်နဲ့ မုရိဟွမ်တို့ ခြံထဲကိုဝင်လိုက်ချိန်မှာပဲ ထိုအသံတွေကို ကြားလိုက်ရပြီး ပြေးဝင်လာခဲ့ကြတယ်။ သူတို့ကဘာတွေဖြစ်နေတာလဲဆိုတာ မသိခဲ့တာကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မုရီအန်းနဲ့ လီဆွေ့ယွီဘက်ကို လှမ်းကြည့်လိုက်ကြတယ်။

"ကျွန်တော့်အတွက်.. ကျွန်တော့်အတွက်..  ခင်ဗျားက ကျွန်တော့်အတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ ရှန်ယန်းကို ကျွန်တော့်ဆီက ထွက်သွားဖို့ဖိအားပေးခဲ့တယ်.. ကျွန့်တော့်အတွက်ပေါ့လေ.. ခင်ဗျား...."

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now